324 Shares 138 Views

Apple ရဲ့ Portrait Lighting Mode အကြောင်း သိကောင်းစရာများ

Sep 26, 2017
324 138

ယခင်နှစ်မှာ Apple က iPhone 7 Plus နဲ့အတူ Portrait Mode ကို မိတ်ဆက်ခဲ့ပါတယ်။ DSLR or Mirrorless Camera များမှာ ဖန်တီးနိုင်တဲ့ နောက်ခံကို Blur လုပ်ထားတဲ့ ဓါတ်ပုံများကို သူက ဖုန်းရဲ့ အနောက်ကင်မရာ နှစ်လုံးကို အသုံးပြု၍ ဖန်တီးပေးခြင်း ဖြစ်ပါတယ်။ အဲဒီ Portrait Mode ကို ဓါတ်ပုံနယ်ပယ်မှာ Bokeh လို့ ခေါ်ကြပါတယ်။ ဒီနှစ်မှာလည်း Apple က Portrait Mode ရဲ့စွမ်းဆောင်ချက်အသစ် Portrait Lighting Mode ကို ဖြည့်ပေးလိုက်ပြီး သင့်ရဲ့ ဓါတ်ပုံများမှာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ အလင်းရောင် Effects များ ထည့်သွင်းနိုင်ပါတယ်။

Portrait Lighting ကို သုံးနိုင်မယ့် ဖုန်းများ

iPhone 8 Plus နဲ့ iPhone X တို့မှာ သူ့ကို အသုံးပြုနိုင်ပါတယ်။ iPhone 7 Plus မှာတော့ A10 Processor အဟောင်းသာပါတဲ့အတွက် သူ့ကို အသုံးပြုလို့မရပါဘူး။

သူ့ရဲ့ အလုပ်လုပ်ပုံ

Camera App ကနေ Swipe လုပ်၍ Portrait ကို ရွေးချယ်ပါ။ ရိုက်ကူးမယ့် အရာဝတ္ထုကို ချိန်ရွယ်ပါ။ ပြီးရင်အောက်ခြေမှ Portrait Lighting Effects ကို ရွေးချယ်ပြီး ဓါတ်ပုံရိုက်ပါ။

Portrait Lighting Effect ကို ဓါတ်ပုံရိုက်ကူးပြီးမှ ပြောင်းလို့ရပါသလား ?

Portrait Lighting Effect ကို ဓါတ်ပုံရိုက်ကူးပြီးမှ ပြောင်းလို့ရပါတယ်။ ဒါပေမယ့် ဓါတ်ပုံဟာ Portrait Mode ဖြင့် ရိုက်ကူးထားတဲ့ ဓါတ်ပုံ ဖြစ်ရပါမယ်။ Effects ထည့်သွင်းဖို့အတွက် Photos App ကို ဖွင့်ပါ။ Portrait Photo ကို ရွေးချယ်ပြီး Edit ပြုလုပ်ဖို့ Slider Icon ကို နှိပ်ပါ။ Editing Tools များရဲ့ အထက်မှာ စက်ဝိုင်းပုံသဏ္ဍာန် Portrait Lighting Effects Dial ရှိပါတယ်။ Dial ကို လှည့်၍ နှစ်သက်တဲ့ Effect ကို ရွေးချယ်ပြီး အောက်ခြေမှ Done ကို နှိပ်ပါ။

Portrait Lighting ဟာ Filter လား ?

Portrait Lighting ဟာ Filter မဟုတ်ဘဲ မျက်နှာ သို့မဟုတ် အရာဝတ္ထုအပေါ် ကျရောက်နေတဲ့ အလင်းရောင်များကို အချိန်နဲ့တစ်ပြေးညီ ခွဲခြမ်းစိတ်ဖြာခြင်း ဖြစ်တယ်လို့ Apple က ပြောပါတယ်။ Portrait Mode က အရာဝတ္ထုနဲ့ နောက်ခံကို ခွဲထုတ်ပေးအောင် အသေးစိတ်ကျတဲ့ ဒေတာများကို ကောက်ယူနိုင်ပါတယ်။ ဥာဏ်ရည်တု နည်းပညာ သို့မဟုတ် Machine Learning က Portrait Lighting ကို ဖန်တီးပေးပါတယ်။

Selfie အတွက် Portrait Lighting ကို သုံးလို့ရသလား ?

iPhone X မှာတော့ Selfie အတွက် Portrait Lighting ကို သုံးလို့ရပါတယ်။ iPhone 8 Plus မှာတော့ အရှေ့ကင်မရာ ၁ လုံးသာပါတဲ့အတွက် သူ့ကို သုံးလို့မရပါဘူး။ iPhone X ရဲ့ အရှေ့ဘက်မှာ ပင်မ ကင်မရာနဲ့အတူ Face ID အတွက် အသုံးပြုတဲ့ TrueDepth Camera ၁ လုံး အပိုပါပါတယ်။

Apple က Portrait Lighting ကို Beta အနေဖြင့် ထည့်သွင်းပေးထားခြင်း ဖြစ်တဲ့အတွက် ဓါတ်ပုံတိုင်းမှာ အပြစ်အနာအဆာကင်းတဲ့ Portrait Lighting Effects များ ရရှိချင်မှ ရရှိမှာပါ။ နောက်ထပ် မှတ်သားစရာတစ်ခုက iPhone 7 Plus မှ Portrait Mode ကို Beta အနေဖြင့် ဖြန့်ချီပေးထားတာ ၁၀ လကြာပြီ ဖြစ်ပြီး Stable အဆင့်သို့ မြှင့်တင်ပေးခြင်း မရှိသေးပါဘူး။

ref : cnet

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
0 shares0 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
177 shares35 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
98 shares46 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

Leave a Comment

Most from this category