0 Shares 33 Views

Vivo V7/V7+ ရဲ့ Launching Event မှ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အငွေ့အသက်နဲ့ အစီအစဉ်တင်ဆက်မှုများအား ပြန်လည်မျှဝေခြင်း

(၂၀၁၇ စက်တင်ဘာ ၂၅)ဖြစ်တဲ့ မနေ့က Vivo ဟာ သူရဲ့ အထူးလုပ်ဆောင်ချက်တွေထည့်သွင်းထားတဲ့ Vivo V 7/ V 7+ ဖုန်းတွေကို ပြည်လမ်းမှာရှိတဲံ Novtel Yangon Max Hotel မှာ တကယ့်ကို ကြီးကျယ်ခမ်းနားစွာနဲပ ပြင်ဆင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

V 7/V 7+ ဟာ Vivo ရဲ့ ရည်ရွယ်ချက်အတိုင်းပဲ ဖုန်းအသုံးပြုသူတွေရဲ့ လိုအပ်ချက်နဲ့ အဆင်ပြေမှုကို ဦးတည်ထုတ်လုပ်မှုဖြစ်ပြီး Lunching Event ရဲ့ အပြင်အဆင်မှာတင် အမှတ်တံဆိပ်ရဲ့ စွမ်းဆောင်နိုင်မှုကို သရုပ်ဖော်ပြနိုင်ခဲ့တာဖြစ်ပါတယ်။မုဒ်ဦးပုံသဏ္ဍာန်နဲ့ အတွင်းလျှောက်လမ်းဟာလှိုဏ်ခေါင်းလို မီးအလှဆင်ထားပြီး ရှေ့မျက်နှာစာတွေမှာ 24MP ဆိုတဲ့ အပြင်အဆင်နဲ့ LED တွေက ရစ်ခွေထားပြီး ခေတ်ရှေ့ပြေးတဲ့အာကာသစခန်းကလျှောက်လမ်းကို ဝင်ရောက်ရသလို မြင်တွေ့ရတာဖြစ်ပါတယ်။

ပွဲတက်ရောက်သူတွေနဲ့ Vivo V7 / V7+ ဖုန်းတွေရဲ့ selfie ရိုက်ကူးပြီး ချိတ်ဆွဲထားတဲ့ပုံတွေကို အရင်မြင်တွေ့ခံစားမိစေပြီးတော့ ကောင်းမွန်တဲ့ selfie ဦးစားပေးစနစ်ရဲ့ ပထမဦးစွာ အရိပ်အငွေ့ကို ခံစားမိစေတာဖြစ်ပါတယ်။

Vivo ဟာ ယခုထုတ်လုပ်လိုက်တဲ့ V7 | V7+ ဖုန်းတွေကို တော်တော်လေးကို အသုံးပြုသူတွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်အောင် ပြုလုပ်ပေးထားတယ်ဆိုတာကို Event အတွင်းကို ဝင်ရောက်လိုက်တာနဲ့ ခံစားရအောင် Launching Event ကို ပြင်ဆင်ထားတာကို တွေ့ခဲ့ရပါတယ်။ ဖုန်းကို မကြေငြာခင်မှာလည်း Launch Event အရှေ့အဝင်ဝမှာ 24 MP ဆိုတဲ့ Decorations တွေအပြင် Vivo V7 | V7+ ဖုန်းတွေနဲ့ ရိုက်ကူးထားတယ်လို့ ယူဆရတဲ့ Selfie ဓါတ်ပုံတွေကို တွေ့ရှိခဲ့ရတာကြောင့် Selfie ပိုင်းမှာ အလွန်ကောင်းမွန်မယ့်ဖုန်းတစ်ခုဖြစ်မယ်လို့ ယူဆလို့ရပါတယ်။Vivo V7 / V7+ ဖုန်းရဲ့ စတင်မိတ်ဆက်အဖွင့်တီးလုံးနဲ့ ပေါ်ထွက်လာတဲ့ဖုန်းဟာ Display က /လက်မဖြစ်ပြီး ပါးလွှာတဲ့ထုနဲ့ သပ်ရပ်တဲ့ ဒီဇိုင်းကို စတင်မြင်တွေ့လိုက်ပြီး FullView Display က ဘေးဘောင်မဲ့သလောက်နီးပါးဖြစ်ဖို့ လုပ်ဆောင်ထားကြောင်းကြေငြာခဲ့ပါတယ်။

မြူးမြူးသွက်သွက်နဲ့ အစီအစဉ်ကဏ္ဍရေးဆွဲထားတဲ့အတွက် ဖျော်ဖြေရေးအပိုင်းမှာ Life&Dance ရဲ့ ကကွက်သစ်တွေ၊ဖြူဖြူကျော်သိန်း ဇော်ပိုင်တို့နဲ့ Vivo ရဲ့ Brand Ambassador ဝိုင်းစုခိုင်သိန်းတို့ရဲ့ သီဆိုဖျော်ဖြေမှုတွေနဲ့ အစီအစဉ်တကျ တင်ဆက်ခဲ့သလို Vivo ရဲ့ အံ့သြဖွယ်ရာ ဖွင့်ချကြေငြာမှုမှာ Face Unlock ၊ Multitasking အတွက် Split Screen ၊ RAM 4 GB နဲ့ storage 64GB တို့အပြင် လုပ်ဆောင်ချက် နှစ်မျိုးဖြစ်တဲ့ screen နှစ်ပိုင်းခွဲပြီး နှစ်မျိုးအသုံးပြုနိုင်ပြီး အကောင်းမွန်ဆုံးဖြစ်တဲ့ selfie camera ပိုင်းကိုပါ အားရဖွယ်ပြသခဲ့တာဖြစ်ပါတယ်။

Vivo V7+ စမတ်ဖုန်းရဲ့ ဈေးနှုန်းကြေငြာကို Random Number တွေရဲ့ အပေါ်အောက် ရွေ့လျားမှုနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာပြသခဲ့ပြီး ဈေးနှုန်းဟာ မြန်မာကျပ်ငွေ ၄၂၉၀၀၀ ဖြစ်ပါတယ်။ပွဲရဲ့ ကြီးကျယ်ခမ်းနားမှုနဲ့ ပုံသဏ္ဍာန်ရော လုပ်ဆောင်ချက်ပါ ကောင်းမွန်တဲ့ Vivo V7+ ဟာ Pre-Order စတင်လက်ခံနေပြီဖြစ်ပါတယ်။

#ZarNiNyeinTun

 

You may be interested

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
0 shares0 views

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
134 shares31 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung
Samsung
201 shares47 views

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung

Tha Ra - Jul 18, 2018

[Zawgyi] Samsung အနေနဲ့ 8GB LPDDR5 DRAM Chip အကြောင်းတွေကို မနေ့ ညနေတုန်းက ကြေငြာခဲ့တာ ဖြစ်ပါတယ်။ 8GB LPDDR5 တွေဟာ ကုမ္ပဏီရဲ့ ပထမဦးဆုံး 10nm အမျိုးအစား Chip များ ဖြစ်သလို 5G…

Leave a Comment

Most from this category