511 Shares 109 Views

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်

Sep 26, 2017
511 109

သုတေသနအဖွဲ့အစည်း KGI ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က Apple iPhone X ရဲ့ ကြိုတင်အမှာစာဟာ သန်း ၄၀ ကနေ ၅၀ ကျော်ရှိမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ သူက “ ၂၀၁၄ ခုနှစ်ထုတ် iPhone 6 နောက်ပိုင်းမှာ အထူးခြားအဆန်းသစ်ဆုံးဟာ iPhone X ဖြစ်ပါတယ်။ Apple Fans များဟာ ဖုန်းအသစ်ကို စောင့်မျှော်နေကြပြီး Face ID စွမ်းဆောင်ချက်ကြောင့် ၉၉၉ ဒေါ်လာအကုန်ခံပြီး iPhone X ကို အလိုရှိနေကြပါတယ်။ TrueDepth Camera (3D Sensing) ဟာ Apple ပြိုင်ဖက်များကို နောက်ကောက်ချနိုင်ပါတယ်။ “ လို့ ပြောပါတယ်။

သူက Apple ရဲ့ ကြော်ညာအားကိုတော့ စိုးရိမ်နေပါတယ်။ ကုမ္ပဏီဟာ Pre-Orders မတိုင်ခင်မှာ iPhone X ရဲ့ ထူးခြားတဲ့ စွမ်းရည်များကို ချပြနိုင်ရင် ကြိုတင်မှာယူမှု အားကောင်းမှာ ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။ TrueDepth Camera စနစ်ဟာ အခြားဖုန်းများမှာ မတွေ့ရတဲ့ နည်းပညာ ဖြစ်ပါတယ်။ Apple က အဲဒီစနစ်အတွက် Kinect ကို ထည့်သွင်းထားပါတယ်။ iPhone X ကို ၀ယ်ယူချင်သူများပြားတဲ့အတွက် လာမယ့်နှစ်အစောပိုင်းအထိတောင် ၀ယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးလို့လည်း တွက်ချက်ထားပါတယ်။

Apple က iPhone 8 နဲ့ iPhone 8 Plus ကို မကြာခင်က ရောင်းချပေးခဲ့ပါတယ်။ ဒါပေမယ့် Apple Fans များဟာ iPhone X ကို ပိုမို စိတ်ဝင်စားကြတဲ့အတွက် iPhone 8 , iPhone 8 Plus တို့ကို ကြိတ်ကြိတ်တိုး ၀ယ်ယူမှုများ မရှိဘူးလို့ သိရပါတယ်။

ref : gsmarena

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares89 views

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…

Leave a Comment

Most from this category