1561 Shares 392 Views

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ

Sep 26, 2017
1561 392

 သက်တမ်းအရ နုပေမယ့် ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းတံဆိပ် အတွင်းသို့ ဝင်ရောက်လာသော Vivo က သူ့ရဲ့နောက်ဆုံးပေါ် flagship V7+ ကို မြန်မာပြည်ဈေးကွက်မှာ မနေ့က မိတ်ဆက်လိုက်တာဖြစ်ပါတယ်။။ V7+ က စမတ်ဖုန်းလောကမှာ ပထမဆုံးဖြစ်တဲ့ FullViewTM မျက်နှာပြင်နဲ့ အတူ 24MPရှိ LED flash ပါရှေ့မျက်နှာပြင် ကင်မရာနဲ့ ကြည်လင်ပြတ်သားတဲ့ Selfies ရဲ့ အကောင်းဆုံး ဓာတ်ပုံရုပ်ထွက်များကို မိတ်ဆက်လိုက်တာဖြစ်ပါတယ်။ Vivoရဲ့ အထူးအောင်မြင်တဲ့ V series ထုတ်ကုန်တွင် နောက်ဆုံးပေါ် ဖန်တီးမှုအဖြစ် ထူးခြားသော ဓာတ်ပုံအင်္ဂါရပ်များ၊ ဖန်သားပြင် အရည်အသွေးအပြင် social media နဲ့ ရင်းနှီးကျွမ်းဝင်သှူတွေအတွက် ဒီဇိုင်းကို အသားပေး ပြုလုပ်ထားပါတယ်။ ဒီနေ့ခေတ်လူငယ်တွေရဲ့လိုအပ်ချက်ကို သိရှိနားလည်တဲ့ ထုတ်ကုန် အသစ် V7+မှာ Selfieရိုက်ကူးပြီး အသုံးပြုသူတွေအတွက် အဲ့ဒီပုံရိပ်နဲ့အတူအမှတ်တရ များစွာကို သိမ်းဆည်းပေးထားနိုင်ပါတယ်။

“Vivo ကနေ Selfie အသားပေး ပထမဆုံး FullViewTM မျက်နှာပြင်ပါ V7+ စမတ်ဖုန်းကို ဒီနေ့ မြန်မာပြည် ဈေးကွက်ထဲ တရားဝင် မိတ်ဆက်ပေးနိုင်တဲ့အတွက် ကျွန်တော်တို့အရမ်းဂုဏ်ယူဝမ်းသာမိပါတယ်။ V7+ ဟာ ယနေ့လူငယ်တွေအကြိုက် ဆန်းသစ်တဲ့ ကင်မရာ လုပ်ဆောင်ချက်၊ စွဲမက်ဖွယ် ဂိမ်းအတွေ့အကြုံ ၊ အဆင့်မြင့် အသံစနစ်တွေနဲ့  စတိုင်ကျတဲ့ စမတ်ဖုန်ုး ဖြစ်ပါတယ်။ အခုလို မိတ်ဆက်ပေးလိုက်တဲ့အတွက် Vivoအနေနဲ့  မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ ဈေးကွက်တစ်ခုကို ဖော်ဆောင်နိုင်ဖို့ လည်း မျှော်လင့်ပါတယ်”လို့ Vivo Mobile Myanmar Company Limited မှ Digital PR Manager ဖြစ်သူ ဦးထွန်းထွန်းဝင်း ကပြောကြားခဲ့ပါတယ်။

အနာဂတ်မျိုးဆက်အတွက်  မိမိ၏ ခံစားချက်၊ အမြင်များကို ထုတ်ဖော်မှုတွေမှာ အားပေး ထောက်ပံ့ပေးနိုင်ဖို့ ဆိုတဲ့ Vivo ရဲ့ ရည်မှန်းချက်နှင့်အညီ အသစ်ဖန်တီးထားတဲ့ V7+ က selfie ဦးစားပေး စမတ်ဖုန်း အမျိုးအစား ဖြစ်ပါတယ်။ နောက်ဆုံးပေါ်ခေတ်မီ နည်းပညာများပါဝင်ပြီး၊ ကင်မရာ သာမက တခြား ရှုထောင့် မျိုးစုံနဲ့အတူ ဓာတ်ပုံရိုက်ကူးခြင်းကစပြီး မျက်နှာပြင်ကျယ်ပြန့်မှုအထိ၊ social media နဲ့ ရင်းနှီးကျွမ်းဝင်သှူတွေအတွက် ပုံရိပ်နဲ့တကွ အမှတ်တရများကို ခံစားနိုင်ရန် ဖန်တီးပေးထားပါတယ်။


အမှတ်တရတွေဟာ ပျောက်ပျက်သွားနိုင်ပေမယ့်၊ V7+ရဲ့ ဓာတ်ပုံနဲ့ Selfies ကတော့ လုံးဝ ပျောက်ပျက်သွားမှာ မဟုတ်ပါ။

 V7+က LED flash နဲ့ အားကောင်းတဲ့ 24MP အရှေ့မျက်နှာပြင်ကင်မရာ နဲ့အတူ Selfies ရိုက်ကူးရာမှာ Vivo ရဲ့ ဦးဆောင်မှုအားကို ပိုမို အားဖြည့်ပေးထားပြီး၊ တိကျ ကြည်လင် ပြတ်သားတဲ့ Selfies ပုံတွေကိုထုတ်လုပ်ပေးပါတယ်။ သဘာဝ အရောင်နဲ့ ဆန့်ကျင်ဘက်အရောင် မြှင့်တင်ခြင်း၊ ရှင်းလင်းတဲ့ နောက်ခံနဲ့အတူ V7+သည် အသုံးပြုသူရဲ့ တန်ဖိုးရှိတဲ့ အမှတ်တရတွေကို အစဉ်တောက်ပ၊ သစ်လွင်စေမှာဖြစ်ပါတယ်။

ပြီးပြည့်စုံတဲ့ Selfies အဆင့်တစ်ခုကို ရောက်ရှိစေခြင်းနဲ့အတူ 24MP အရှေ့ကင်မရာ နဲ့ အဆင့်မြင့် ခေတ်ရှေ့ပြေးတဲ့ ဓာတ်ပုံဆိုင်ရာ နည်းပညာဖြေရှင်းမှုတစ်ရပ်ဖြစ်တဲ့ ကြည်လင်ပြတ်သားပြီး သဘာဝအရောင်အတိုင်း ဓာတ်ပုံဖန်တီးမှုကို ရရှိစေပါတယ်။ ဥပမာ – မျက်နှာ အလှ 7.0 လုပ်ဆောင်ချက်က မှောင်မှိုင်းသောပတ်ဝန်းကျင်မှာတောင် ပိုမိုတောက်ပပြီး၊ ကြည်လင်ပြတ်သားတဲ့ selfies ပုံများကိုဖန်တီးနိုင်ပါတယ်။ V7+ ရဲ့ လူပုံရိုက်ကူးခြင်းမှာ ပြတ်သားတဲ့ ဆန့်ကျင်ဘက် အရောင် တွေအတွက် အရောင်မှိုင်း နောက်ခံကိုထည့်သွင်းပေးထားပါတယ်။ Portrait ရိုက်ကူးရာမှာ DSLR ကင်မရာတွေရဲ့ပုံထွက်အတိုင်း Selfies ရိုက်ကူးတဲ့ပုံစံကိုရရှိစေမှာပါ။

မျက်နှာပြင်ကျယ်ဖြင့် စွဲမက်ဖွယ် ရုပ်ရှင်ဆန်သော အတွေ့အကြုံ

V7+ က 5.5 လက်မ ဖန်သား Screenမှာ 18:9  FullViewTM မျက်နှာပြင်၊ ပုံမှန် Screen 16:9 ထက် 25.5 ရာခိုင်နှုန်း ပိုမို ပြတ်သားတဲ့ မျက်နှာပြင်ကို ပံ့ပိုးပေးထားပါတယ်။ ပိုမိုစွဲမက်ဖွယ် ဂိမ်းအတွေ့အကြုံအတွက် 84.4 ရာခိုင်နှုန်းရှိတဲ့ ဖုန်းမျက်နှာပြင်က ကိုယ်ထည် အချိုးအစား ဖန်တီးထားတဲ့အပြင် 2.15 မီလီမီတာ ပါးလွှာ တဲ့ထုကြောင့် ဖုန်းသုံးစွဲတွေအတွက် အမြင်နဲ့တောင်ဆွဲဆောင်မှုကို တိုးပွားစေမှာဖြစ်ပါတယ်။

  ဒီ စမတ်ဖုန်းမှာ Game mode ပါဝင်ပြီး၊အဲ့ဒါက ဂိမ်းကစားချိန်အတွင်းမှာ  အဝင်ဖုန်းခေါ်ဆိုမှုများ နဲ့ စာပို့ခြင်းတွေကို တားဆီးပေးထားလို့ ဂိမ်းသရဲလေးတွေအတွက်  ပျော်ရွှင်စွာ ဂိမ်းကစားခြင်းကို အနှောက်အယှက်မရှိပဲ ဖြတ်သန်း နိုင်ပါပြီ။

 အလှတရားထက် ပိုသော: ထူးခြားသော စွမ်းဆောင်ရည်နှင့် လုပ်ဆောင်ချက်စနစ်

 V7 + က Qualcomm octa-core CPU 4GB RAM တပ်ဆင်ထားလို့ သုံးစွဲသူတွေ ချောမွေ့ ပြီး စပ်ကြောင်းမရှိတဲ့ အတွေ့အကြုံအသစ် ခံစားမှုကိုပေးပါတယ်။ Vivo ရဲ့ အသံစနစ် ကြံ့ခိုင်တဲ့ အစဉ်အလာ ကောင်းနဲ့ အညီ၊ V7+ ရဲ့အဆင့်မြင့်ထားတဲ့ AK4376A Hi-Fi အသံChipက ထူးခြားတဲ့ ဂီတအသံ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။သူ့ရဲ့ Funtouch 3.2 OS က သုံးစွဲသူတွေအတွက် အဆင်ပြေစေမယ့် Smart Split 3.0 နဲ့ Face Access လုပ်ဆောင်ချက်တွေကြောင့် V7+ က သုံးစွဲသူတို့ရဲ့ နေ့စဉ်ဘ၀ အတွက် အကောင်းဆုံးအဖော်ဖြစ်လာပါတယ်။

ဈေးနှုန်းနှင့် ရရှိနိုင်မှုများ

V7+ အနက်ရောင် စမတ်ဖုန်းကို စက်တင်ဘာလ ၂၆ရက်နေ့ က ၃၀ရက်နေ့အထိ ကြိုတင်မှာယူနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ ကျပ် 429,000 နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၁ရက်နေ့ ကနေ စတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Vivo အရောင်းပြခန်းတွေနဲ့ Vivo ကောင်တာရှိတဲ့ ဖုန်းဆိုင်တိုင်းမှာ ၀ယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။

###

 Vivo အကြောင်း

Vivo ကို ၂၀၀၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး သက်တမ်းနုပေမယ့် ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး၊  ဆန်းသစ်တဲ့ ကင်မရာစွမ်းဆောင်ရည်၊  အသံစနစ် ကောင်းမွန်မှု၊  သုံးစွဲသူရဲ့ ခံစားချက်ကိုဖော်ပြပေးရင်း ဘဝရဲ့ သာယာလှပတဲ့ အချိန်တွေကို အများနဲ့ မျှဝေခံစားမှုကို ပေးစွမ်းနိုင်ဖို့အတွက် မတူညီတဲ့ စတိုင် နဲ့ ကွဲပြားမှုများတွေကို ပိုမိုဆန်းသစ်ပြီး တိုးတက်စေဖို့ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ Vivo က သုံးစွဲသူတွေအတွက် အစဉ်သဖြင့် အံသြစေမယ့်  တီတွင်ဆန်းသစ်မှုတွေကို အကောင်းဆုံးပြုလုပ်သွားဖို့ ရည်မှန်းထားပါတယ်။ Vivo က စမတ်ဖုန်း လောကမှာ Hi-Fi Chip များသုံးစွဲတဲ့ ပထမဆုံးအမှတ်တံဆိပ်ဖြစ်ပြီး၊ သုံးစွဲသူတွေအတွက် ကောင်းမွန်တဲ့ အသံစနစ်ကို ပေးစွမ်းနိုင်ပါတယ်။ ၂၀၁၈ FIFA World Cup ရဲ့ တရားဝင် Sponsor ဖြစ်တဲ့ Vivo ဟာ လူငယ်တွေကို မိမိ ခံစားချက်၊ အမြင်ထုတ်ဖော်ခြင်း နဲ့ ခွန်အားပြည့်တဲ့ဘဝနေထိုင်ခြင်း ကိုရယူကြဖို့ တိုက်တွန်းခြင်းဟာ အရေးပါမှုလို့ ယုံကြည်ထားပါတယ်။။ ထပ်မံပြီး နာမည်ကြီး အမှတ်တံဆိပ်များနဲ့  အဓိပ္ပ္ပ္ပာယ်ပြည့်ဝတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး၊ လူမူဘဝ၊ အားကစား၊ နဲ့ အခြားကဏ္ဍတွေမှာ Vivo အမှတ်တံဆိပ် သုံးစွဲသူတွေကို ပြိုင်ဘက်ကင်းတဲ့ အတွေအကြုံအသစ်များ ပေးနိုင်ရန်ရည်ရွယ်ထားတယ်လို့သိရပါတယ်။

Vivo ဟာ အရှေ့တောင်အာရှမှာ သူ့ရဲ့ဈေးကွက်ကို လျင်မြန်စွာ ဖြန့်ကျက်ခဲ့ပြီး၊ လက်ရှိအချိန်မှာတော့ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘေ္ဘ္ဘာဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံတွေမှာ ဈေးကွက်ရှိပြီးဖြစ်ပါတယ်။

Vivo ဟာ ၂၀၁၆-၂၀၁၇ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်တွေနဲ့ IDG စာရင်းမှာ နံပါတ်(၅)အဆင့် ရရှိခဲ့ပါတယ်။

Vivoရဲ့ဆန်းသစ်တဲ့ စမတ်ဖုန်းတွေကို www.vivoglobal.com.mm မှာလေ့လာကြည့်ရှု နိုင်ပါတယ်။

#Vivo

You may be interested

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ
Android, HUBS, Mobiles & Tablets
0 shares0 views

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ

Ko Thuya - Jan 18, 2019

ZTE ရဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်တဲ့ Nubia က နိုဝင်ဘာလမှာ Gaming Phone ဖြစ်တဲ့ Red Magic Mars ကို ကြေညာခဲ့ပါတယ်။ 6/64GB Model ကို ယွမ် ၂၇၀၀ ၊ 8/128GB ကို…

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ အင်တာနက်မှာ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်လာပါတယ်။ ရှောင်မီက တရားဝင် ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတွေတော့ မဟုတ်ပါဘူး။ ဓါတ်ပုံများမှာ Mi 9 ကို ရှုထောင့်မျိုးစုံကနေ မြင်ရပါတယ်။ အနောက်ဘက်မှာ 48MP Main…

ဘာသာစကား သင်ကြားပေးမယ့် Drops
Android, FEATURES, HUBS
47 shares20 views

ဘာသာစကား သင်ကြားပေးမယ့် Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး App စာရင်းထဲမှာ ပါဝင်ပါတယ်။ သူက ဘာသာစကား သင်ကြားပေးတဲ့ App ဖြစ်ပါတယ်။ ပျော်ရွှင်စွာဖြင့်…

Leave a Comment

Most from this category