394 Shares 53 Views

BMW က လျှပ်စစ်ကားအတွက် ကမ္ဘာ့ပထမဆုံး ကြိုးမဲ့အားသွင်းစက်ကို ဖန်တီး

Sep 26, 2017
394 53

BMW က သူ့ရဲ့ လျှပ်စစ်ကားအတွက် ကြိုးမဲ့အားသွင်းနည်းပညာကို အောင်မြင်စွာ တီထွင်နိုင်ဖို့ နီးကပ်လာပါပြီ။ အဲဒီအတွက် BMW ဟာ လျှပ်စစ်ကားအတွက် ကမ္ဘာ့ပထမဆုံး ကြိုးမဲ့အားသွင်းစက်ကို ဖန်တီးသူ ဖြစ်လာတော့မှာပါ။

လက်ရှိမှာ ကြိုးမဲ့အားသွင်း Pad ကို 530e iPerformance ကားအတွက် ဖန်တီးနေပါတယ်။ အားသွင်း Pad ကို 220-volt outlet ဖြင့် ဆက်သွယ်ထားပြီး ကားမှ Sensors များက အားသွင်း Pad အပေါ်မှာ ကားရပ်နားရမယ့် နေရာကို ညွှန်ပြပေးမှာ ဖြစ်ပါတယ်။

BMW ရဲ့ အဆိုအရ 530e မှ 9.4kWh Battery ကို အားအပြည့်ဖြည့်ဖို့ အချိန် ၃ နာရီခွဲကြာမြင့်ပြီး ကြိုးဖြင့် အားသွင်းတဲ့ အချိန်နီးပါး မြန်ဆန်ပါတယ်။ BMW North America မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဗီဒီယိုမှာ သရုပ်ပြသထားတဲ့ ကြိုးမဲ့အားသွင်းနည်းပညာကို စမ်းသပ်နေဆဲ ဖြစ်ပြီး အမေရိကန်နဲ့ ကနေဒါမှာ အရင်ဆုံး ထုတ်လုပ်မှာ ဖြစ်ပါတယ်။

အခြားနိုင်ငံများမှာတော့ လာမယ့်နှစ်အစောပိုင်းမှာ ကြိုးမဲ့အားသွင်း စနစ်ကို စတင် မိတ်ဆက်မယ်လို့ BMW က ပြောပါတယ်။ ဒါပေမယ့် 530e iPerformance ကားမှာသာ အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ 330e, 740e, X5 တို့ပါဝင်တဲ့ iPerformance PHEVs ကားများနဲ့ i3, i8 လျှပ်စစ်ကားများအတွက်တော့ နောက်ပိုင်းမှာ ဒီနည်းပညာကို ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ ကြိုးမဲ့အားသွင်းစက်ရဲ့ တန်ကြေးကို မသိရသေးပါဘူး။

ref : theverge

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares89 views

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…

Leave a Comment

Most from this category