234 Shares 101 Views

FullVision Screen , Dual Cameras များပါတဲ့ Gionee M7 ကို မိတ်ဆက်ပြီ

Sep 26, 2017
234 101

Gionee က စီစဉ်ထားတဲ့အတိုင်း M7 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ သူ့မှာ မျက်နှာပြင်အချိုး 18:9 ပါတဲ့ FullVision Screen တပ်ဆင်ထားပါတယ်။ 4000mAh Battery ပါတဲ့အတွက် ဘက်ထရီ သက်တမ်းကောင်းမွန်ပါတယ်။ သြဂုတ်လမှာ မိတ်ဆက်ခဲ့တဲ့ Mediatek Helio P30 ကို ပထမဆုံး ထည့်သွင်းထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

CPU မှာ Cortex-A53 Cores ၈ လုံး တပ်ဆင်ထားပြီး 2.3GHz Core ၄ လုံး ပါပါတယ်။ 6GB RAM, 64GB Internal Storage တပ်ဆင်ထားပြီး 256GB အထိ ၀င်ဆန့်တဲ့ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ မျက်နှာပြင် အရွယ်အစားမှာ ၆.၀၁ လက်မ ဖြစ်ပြီး Resolution မှာ 2160×1080 Pixels ဖြစ်ပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၂ လုံးတပ်ဆင်ထားပါတယ်။ ပင်မ ကင်မရာမှာ 16MP ဖြစ်ပြီး ဒုတိယ ကင်မရာမှာ 8MP ဖြစ်ပါတယ်။ အနောက်ဘက်မှာ LED Flash နဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ Full Screen Smartphone ဖြစ်တဲ့အတွက် Physical Home Button မပါပါဘူး။ အရှေ့ဘက်မှာ 8MP Camera ဖြစ်ပါတယ်။

Gionee M7 အတွက် အရောင်ငါးမျိုးထုတ်လုပ်ပေးထားပြီး Sapphire Blue, Star Blue, Maple Red, Champagne Gold နဲ့ Black တို့ ဖြစ်ပါတယ်။ တရုတ်မှာ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပြီး မြန်မာငွေ ၅၇၀ ၀၀၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။

ref : gsmarena

You may be interested

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ
Facebook, HUBS, NEWS
0 shares0 views

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ

Ko Thuya - Apr 23, 2018

New York Times ရဲ့ သတင်းအရ သီရိလင်္ကာမှ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese လူမျိုးများနဲ့ လူနည်းစု ဖြစ်တဲ့ မူဆလင်များအကြားမှာ Facebook မှ အမုန်းစကားများကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာတယ်လို့ သိရပါတယ်။ သီရိလင်္ကာ လူမျိုးအများစုဟာ…

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Android, HUBS, Meizu
0 shares0 views

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ

Ko Thuya - Apr 23, 2018

မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
NEWS, Tech Update
230 shares41 views

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့

Nwe Oo Thant - Apr 22, 2018

နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို  ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

Leave a Comment

Most from this category