377 Shares 171 Views

iPhone 8 vs iPhone 8 Plus : ဘယ်ဖုန်းကို ၀ယ်ယူသင့်သလဲ ?

Sep 25, 2017
377 171

Apple က iPhone 8 နဲ့ iPhone 8 Plus တို့ကို ကမ္ဘာအ၀န်းမှာ ရောင်းချပေးလိုက်ပါတယ်။ iPhone အသစ်ကို ၀ယ်ယူဖို့ စောင့်ဆိုင်းနေသူများအတွက် iPhone 8 နဲ့ iPhone 8 Plus ထဲမှ စာဖတ်သူအတွက် သင့်တော်မယ့် တစ်လုံးကို ရွေးချယ်နိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

iPhone 8 vs iPhone 8 Plus တို့ရဲ့ ကွဲပြားခြားနားချက်များ။

ဖုန်းနှစ်လုံးရဲ့ ဒီဇိုင်းဟာ အလွန်တူညီပြီး နှစ်လုံးစလုံးမှာ ဒြပ်ထုများကို ပေါင်းစပ် တည်ဆောက်ထားတဲ့ ဒီဇိုင်းကို အသုံးပြုထားပါတယ်။ အနောက်ဘက်ကို သတ္တုအစား ဖန်ဖြင့် ဖုံးအုပ်ထားပါတယ်။ ဘေးဘက်မှာ အလူမီနီယမ် ဖရိမ်များ တပ်ဆင်ထားပါတယ်။ အနောက်ဘက် ဖန်မျက်နှာပြင် ကွဲအက်မှာကို စိုးရမ်နေသူများအတွက် Apple က လေဆာဖြင့် ဂဟေဆက်ထားတဲ့ စတီးနဲ့ ကော့ပါး တွဲဖက် တည်ဆောက်ထားမှုကြောင့် iPhone 8 များရဲ့ အနောက်ဘက် ဖန်ဟာ အကြမ်းအခံဆုံးဖြစ်တယ်လို့ ပြောပါတယ်။

အနောက်ဘက်မှာ သတ္တုအစားဖန်ဖြင့် ဖုံးအုပ်ထားတဲ့အတွက် Qi Wireless Charging ကို ထည့်သွင်းပေးနိုင်ခြင်း ဖြစ်ပါတယ်။ iPhone X မှာလို ဘေးဘောင်နဲ့ ခလုတ်မဲ့ ဒီဇိုင်း မဟုတ်ဘဲ iPhone 8 နဲ့ iPhone 8 Plus များမှာ လက်ဗွေရာအာရုံခံ ကိရိယာ မြှပ်နှံထားတဲ့ Physical Home Button တပ်ဆင်ထားပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ 3.5mm Headphone Jack မပါတဲ့အတွက် သီချင်းချစ်သူများအတွက် Wireless Headphone များကိုသာ အားကိုးရမှာပါ။ အားနည်းချက်တစ်ခုက iPhone X ရဲ့ OLED Panel ကို မသုံးထားဘဲ iPhone 8 များမှာ အရင် iPhone များမှာလို IPS Panel ကိုသာ သုံးထားပါတယ်။

iPhone 8 နဲ့ iPhone 8 Plus တို့ရဲ့ အဓိက ကွာခြားချက် ၂ ခုမှာ iPhone 8 ရဲ့ ၄.၇ လက်မ Retina Display ၊ အနောက်ကင်မရာ ၁ လုံးတပ်စနစ်နဲ့ iPhone 8 Plus ရဲ့ ၅.၅ လက်မ Retina Dispslay ၊ အနောက် ကင်မရာ ၂ လုံးတပ်စနစ်များ ဖြစ်ပါတယ်။

iPhone 8 ရဲ့ အနောက်ဘက်မှာ 12MP Camera ၁ လုံးသာ တပ်ဆင်ထားပြီး iPhone 8 Plus မှာ OIS ပါတဲ့ 12MP Camera ၂ လုံး တပ်ဆင်ထားပါတယ်။ Apple က iPhone 8 ရဲ့ ဓါတ်ပုံအရည်အသွေးကို တိုးတက်စေဖို့ ISP Processor အသစ်ကို အသုံးပြုထားပြီး ယခင် iPhone များထက် အလင်းရောင်ကို ၈၀ ရာခိုင်နှုန်း ပိုမို ဖမ်းယူပေးနိုင်တယ်လို့ ပြောပါတယ်။ iPhone 8 Plus ရဲ့ ကင်မရာ ၂ လုံးတပ် စနစ်က အလင်းရောင် ရရှိမှု ခက်ခဲတဲ့ နေရာများမှာ ပိုမို အစွမ်းထက်နိုင်ပြီး iPhone 8 မှာ မရနိုင်တဲ့ ကင်မရာ စွမ်းဆောင်ချက် အနည်းငယ်ကို ဖန်တီးပေးပါတယ်။

iPhone 8 နဲ့ iPhone 8 Plus တို့ရဲ့ အကောင်းဆုံး ကင်မရာ စွမ်းဆောင်ချက်မှာ Portrait Lighting Mode ဖြစ်ပြီး Camera App ရဲ့ Portrait Menu မှာ သုံးနိုင်ပါတယ်။ သူက Lenses ၂ ခုဖြင့် အရာဝတ္ထုတစ်ခုရဲ့ မျက်နှာကို အာရုံခံနိုင်ပြီး အဲဒီနောက်မှာ အဆင့်မြင့် အလင်းရောင် Effects များကို ဖန်တီးနိုင်ပါတယ်။

iPhone 8 နဲ့ iPhone 8 Plus တို့အတွက် 64GB နဲ့ 256GB Storage များကို ထုတ်လုပ်ပေးထားပါတယ်။ ဖုန်းများရဲ့ ဘက်ထရီ ပမာဏများကိုတော့ မသိရသေးပါဘူး။

ဘယ်ဖုန်းက စွမ်းရည် ပိုမို မြင့်မားသလဲ ?

Apple ဟာ iPhone များ မိတ်ဆက်စဉ်မှာ သူ့ရဲ့ Specifications အသေးစိတ်ကို ပြောကြားလေ့ မရှိပါဘူး။ အဲဒီအတွက် iPhone 8 နဲ့ iPhone 8 Plus တို့မှာ ဘယ်ဖုန်းက စွမ်းရည် ပိုမို မြင့်မားသလဲဆိုတာ တွက်ချက်လို့ မရပါဘူး။ သိထားတဲ့ သတင်းအချက်အလက် အနည်းငယ်အရ iPhone 8 နဲ့ iPhone 8 Plus တို့ဟာ ယခင် iPhone များထက် ပိုမို မြန်ဆန်လာမှာ သေချာပါတယ်။ iPhone 8 နဲ့ iPhone 8 Plus တို့မှာ Core ၆ လုံးပါတဲ့ A11 Bionic CPU တပ်ဆင်ထားပြီး ၂ လုံးမှာ စွမ်းဆောင်ရည်မြင့် Core များနဲ့ ၄ လုံးမှာ စွမ်းအင်စားသုံးမှု နည်းပါးတဲ့ Core များ ဖြစ်ပါတယ်။ Apple က A11 ရဲ့ Core များဟာ A10 ထက် ၇၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်ပြီး စွမ်းအင်စားသုံးမှု နည်းပါးတယ်လို့ ပြောပါတယ်။

iPhone 8 နဲ့ iPhone 8 Plus တို့မှာ Core ၃ လုံးပါတဲ့ GPU တပ်ဆင်ထားပြီး A10 ရဲ့ Graphics ထက် ၃ ဆ ပိုမို မြန်ဆန်ပါတယ်။ Apple ပြောတဲ့ အတိုင်းသာဆိုရင် iPhone 8 နဲ့ iPhone 8 Plus တို့ဟာ စွမ်းဆောင်ရည်အပိုင်းမှာ အလွန် ကောင်းမွန်ပြီး 4K Video များ ရိုက်ကူးခြင်း၊ စွမ်းရည်မြင့် ဂိမ်းများ ကစားခြင်း၊ ဘရောက်စာမှာ Tab များစွာ ဖွင့်ပြီး အသုံးပြုခြင်းတို့လို အရာများကို ကောင်းစွာ နိုင်နင်းပါတယ်။ iPhone 8 နဲ့ iPhone 8 Plus တို့ရဲ့ အဓိက ကွာခြားချက်နောက်တစ်ခုမှာ RAM ဖြစ်နိုင်ပြီး Apple ဟာ ယခင်ထုတ် iPhone များရဲ့ Plus Version မှာ ပိုမိုများပြားတဲ့ RAM ပမာဏကို ထည့်ပေးလေ့ရှိပါတယ်။

အနှစ်ချုပ်

iPhone 8 နဲ့ iPhone 8 Plus တို့ဟာ ကွဲပြားခြားနားမှုအနည်းငယ်သာ ရှိပါတယ်။ Phone 8 Plus ဟာ ကင်မရာ နည်းပညာ ပိုမို မြင့်မားပြီး Phablet Fans များအတွက် ရွေးချယ်စရာ ဖြစ်ပေမယ့် တန်ဖိုးနည်း မော်ဒယ်ဟာ ဒေါ်လာ ၈၀၀ ဖြစ်ပြီး iPhone 8 ရဲ့ တန်ဖိုးနည်း မော်ဒယ်ထက် ဒေါ်လာ ၁၀၀ ပိုမိုများပြားပါတယ်။ မြန်မာငွေ အားဖြင့် ၁၅၀ ၀၀၀ ၀န်းကျင်ခန့် ပိုမို ကျသင့်နိုင်ပါတယ်။

ref : trustedreviews

You may be interested

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
0 shares0 views

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia
Gaming, NEWS
131 shares66 views

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia

Nwe Oo - Aug 21, 2018

[Zawgyi] ၂၀၁၈ Gamescom မှာတော့ Nvidia ကနေ သူ့ရဲ့ high-end graphic ကဒ်တွေဖြစ်တဲ့ GeForce RTX 2070, RTX 2080 နဲ့ RTX 2080 Ti တို့ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ 20-series…

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
1333 shares226 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

Leave a Comment

Most from this category