0 Shares 41 Views

အလိုအလျောက်မောင်းနှင်မယ့် Smart Car တွေ ထွက်လာရင် နောက်ဆုံးပေါ်နည်းပညာနဲ့ တာယာ Michelin Company မှ ထွက်ရှိမည်

အနာဂတ်ရဲ့ လုပ်ဆောင်ချက်တွေမှာ နောက်ဆုံးပေါ်နည်းပညာလို့ပြောလို့ရတဲ့ လေမဲ့တာယာရဲ့ အလိုအလျောက်လည်ပတ်မှုကို Michelin Company က ထွင်ဖို့ခြေလှမ်းစလိုက်တာဖြစ်ပါတယ်။Michelin ဟာ တာယာလောကမှာ ရပ်တည်ခဲ့တဲ့ ကုမ္ပဏီသက်တမ်းက 128 နှစ်နီးပါးကြာမြင့်ခဲ့ပြီး နည်းပညာပိုင်းကို တိုးမြှင့်လုပ်ဆောင်မှုတွေ အမြဲမပြတ်လုပ်ဆောင်ခဲ့တဲ့ တာယာကုမ္ပဏီတခုဖြစ်ပါတယ်။3D printed တာယာကို ပုံဖော်ထားပြီး ကားရဲ့အလိုအလျောက်မောင်းနှင်းမှုစနစ်ကို စီးနှင်းလိုက်ပါသူတွေအနေနဲ့ အန္တရာယ်ကင်းစွာ လိုက်ပါနိုင်အောင် ထုတ်လုပ်ဖို့ကြိုးစားနေပြီဖြစ်တယ်လို့ သိရပါတယ်။

လေမဲ့တာယာကို 2013 က ထုတ်လုပ်ခဲ့တာဖြစ်ပြီး smart ကားတွေအတွက် တာယာကို ယခု အစပြုနေခြင်းဖြစ်ပါတယ်။

လက်ရှိ ပုံဖော်ဒီဇိုင်းလျာထားပြီး စမ်းသမ်းနေဆဲဖြစ်တဲ့ အဆိုပါ သေးငယ်ပြီး ဝန်ကို ထိန်းပေးနိုင်တဲ့ တာယာဟာ လမ်းအပေါ်မူတည်ပြီး အရစ်ဖော် ပန်းဖော်ပေးခြင်းမျိုးလုပ်ပေးရုံသာဖြစ်ပါတယ်။တာယာမှာ ပါဝင်ပစ္စည်းများအနေနဲ့ သဘာဝရာဘာ၊ဝါး၊စက္ကူ၊သံဖြူ။သစ်သား၊ပလတ်စတစ်၊ကောက်ရိုးမျှင်၊သတ္တုနဲ့ အခြားဓာတ်ပေါင်းများစွာကို ပေါင်းစပ်ထုတ်လုပ်မှုမျိုးဖြစ်ပါတယ်။

အဆိုပါ တာယာမှာ RFID sensors တွေ မြုပ်ထားပြီး data တွေနဲ့ စက်ရဲ့ အပြင်အဆင် လုပ်ဆောင်မှုတွေကို ခြေရာခံဆောင်ရွက်ပေးမှာဖြစ်ပါတယ်။တာယာဟာ မတူညီတဲ့ အခြေအနေအရပ်၇ပ်အပေါ်မှာလည်း လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။နှင်းဖုံးတဲ့ဒေသတွေနဲ့ တောင်ပေါ်တက်တဲ့အခါ လိုအပ်တဲ့ ပန်းဖော်မှုမျိုးလုပ်ဆောင်၇မှာဖြစ်ပြီး တာယာရဲ့ ကြံ့ခိုင်မှု 100% ဖြစ်အောင် စစ်ပေးရမှာဖြစ်ပါတယ်။

ဒါဟာ အ့သြဖါယ်အိပ်မက်တခုအနေနဲ့ ထင်ကောင်းထင်ဖွယ်ရာရှိပေမယ့် အခု ပထမခြေလှမ်းကိုရောက်ရှိနေပြီး အလိုအလျော်မောင်းနှင်ပေးမယ့်ကားတွေ ထွက်လာရင် တာယာကလည်း အဆင်သင့်ဖြစ်နေပြီ လို့ Micheline research နဲ့ development ပိုင်းက Terry Getty က ပြောကြားထားပါတယ်။

ref;the verge

You may be interested

Huawei က Watch GT စမတ်နာရီကို ကြေညာ
Gadgets, Huawei, HUBS
0 shares0 views

Huawei က Watch GT စမတ်နာရီကို ကြေညာ

Ko Thuya - Oct 17, 2018

Huawei က Watch GT အမည်ရ စမတ်နာရီကို ကြေညာလိုက်ပါတယ်။ နာရီဟာ ဘက်ထရီ သက်တမ်း အလွန်ကောင်းပြီး ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးနိုင်ပါတယ်။ သူ့မှာ Cortex-M4 Chipset ထည့်သွင်းထားပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာခြင်းနဲ့ GPS များကို မသုံးရင် ဘက်ထရီ…

Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်
Android, HUBS, Lenovo
0 shares0 views

Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်

Ko Thuya - Oct 17, 2018

လီနိုဗိုက အိန္ဒိယမှာ တန်ဖိုးနည်း စမတ်ဖုန်းများကို ကြေညာလိုက်ပါတယ်။ အဲဒီအထဲမှာ A5 လည်း ပါဝင်ပြီး ခေတ်စားနေတဲ့ Notch တော့ မပါပါဘူး။ A5 ရဲ့ 2GB/16GB Model ကို ရူပီး ၆၀၀၀ နဲ့ 3GB/32GB Model…

Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ
Android, Huawei, HUBS
0 shares21 views

Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ

Ko Thuya - Oct 17, 2018

ဟွာဝေးက အရွယ်ကြီး Mate 20 X နဲ့ တန်ဖိုးကြီး Porsche Design Mate 20 RS တို့ကို ကြေညာလိုက်ပါတယ်။ Mate 20 X မှာ ၇.၂ လက်မ မျက်နှာပြင်၊ 5000mAh Battery…

Leave a Comment

Most from this category