65 Shares 69 Views

မကြာမီအချိန်မှာ Vivo က ဘယ်လိုရင်ခုန်စရာကောင်းတဲ့ Launching Event ကို ကျင်းပမှာလဲ

Sep 25, 2017
65 69

ဒီရက်ပိုင်းအတွင်းမှာ Vivo ရဲ့ V7+ က လူပြောသူပြော များနေပါတယ်။ အထူးသဖြင့် FullViewTM Display ကို စိတ်ဝင်စားနေကြတာပါ။ V5 နဲ့ အရွယ်အစားချင်း တူပေမယ့် မျက်နှာပြင်က ပိုပြီးကျယ်ပြန့်လာတဲ့အတွက် စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင်မှာ V5 ရဲ့ 20MP Softlight ကို အကြိုက်တွေခဲ့ကြသူတွေအနေနဲ့ V7+ ရဲ့ ကင်မရာက ဘယ်လောက်ထိ ပိုကောင်းလာမှာလဲဆိုတဲ့ မေးခွန်းအတွက်အဖြေက Launching Event မှာမှ သိရမှာဖြစ်ပါတယ်။

နောက်တစ်ချက်က Function တွေ ဘယ်လိုတိုးတက်လာမှာလဲ? Finger print ကို ကျောဘက်ပို့ပြီး မျက်နှာပြင်ချဲ့ထားတဲ့ V7+ရဲ့ Navigation bar မှာရော ဘယ်လို ဆန်းသစ်မှုတွေ ဖြစ်လာမှာလဲ? Hi-Fi audio စွမ်းရည်ကရော ဘယ်လိုတိုးတက်ပြောင်းလဲလာမှာလဲ? မေးခွန်းတွေအားလုံးရဲ့ အဖြေကို ယခုနေ့လယ်မှာ သိရပါလိမ့်မယ်။

Vivo က ဒီနေ့ နေ့လယ် Novotel Hotel Yangon Ballroom မှာ ကျင်းပပြုလုပ်မယ့် Launching Event ကို အရင်တုန်းက လုပ်ခဲ့ဖူးတဲ့ ပွဲတွေထက် ပိုပြီး ကြီးကျယ်ခမ်းနားအောင် စီစဉ်ထားတယ် ဆိုတာကတော့ မီဒီယာတွေအတွက် စိတ်ဝင်စားစရာပါ။ ဘာကြောင့်လဲဆိုတော့ ဒီပွဲကိုတက်မတက်ရောက်ခင်မှာပဲ Vivo က ပြင်ဆင်ထားတဲ့ အခင်းအကျင်းအချို့ကို မြင်တွေ့ခဲ့ရလို့ပါပဲ။

ဒီတော့ နေ့လယ်ပိုင်းမှာ မိတ်ဆက်တော့မယ့် V7+ နဲ့ ပတ်သက်ပြီး အားလုံးသိချင်နေကြတဲ့ အကြောင်းအရာတွေကို အချိန်နဲ့ တစ်ပြေးညီ တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ကြပါလို့ ပန်ကြားလိုက်ရပါတယ်။

#Vivo

You may be interested

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်

Ko Thuya - Jan 16, 2019

ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

Leave a Comment

Most from this category