1031 Shares 728 Views

ကမ္ဘာအ၀န်းမှာ iPhone 8 ကို စိတ်ဝင်စားမှု နည်းပါး

Sep 25, 2017
1031 728

iPhone အသစ် ရောင်းချတိုင်း ကမ္ဘာအ၀န်းမှာ ကြိတ်ကြိတ်တိုး တန်းစီ ၀ယ်ယူခဲ့ကြပါတယ်။ အချို့ဆိုရင် ရောင်းချမယ့်နေ့ မတိုင်ခင် ရက်သတ္တပတ် အနည်းငယ်ကတည်းက စတိုးဆိုင်အရှေ့မှာ တန်းစီခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ ကမ္ဘာအ၀န်းမှာ iPhone 8 ကို စိတ်ဝင်စားမှု နည်းပါးနေတယ်လို့ သတင်းများက ဖော်ပြနေပါတယ်။

ကမ္ဘာအ၀န်းမှ Apple Stores အချို့မှာသာ iPhone 8 ကို ၀ယ်ယူဖို့ စီတန်းသူများရှိကြတယ်လို့ သိရပါတယ်။ Reuters ရဲ့ သတင်းအရ ဆန်ဖရန်စစ္စကို စတိုးမှာ ပထမဆုံး ရောင်းချတဲ့ နေ့မှာ လူ ၈၀ လောက်သာ တန်းစီ ၀ယ်ယူတယ်လို့ သိရပါတယ်။ အဲဒီအထဲမှ လူများစွာဟာလည်း iPhone 8 အစား Apple Watch Series 3 ကို ၀ယ်ဖို့ တန်းစီနေခြင်း ဖြစ်ပါတယ်။ အချို့စတိုးများမှာ ၀ယ်ယူသူများထက် စတိုးဆိုင် ၀န်ထမ်းများက ပိုမိုများပြားနေပါတယ်။

စတော့တန်ဖိုးအရလည်း Apple သမိုင်းမှာ ယခု iPhone အသစ်ရောင်းချတဲ့ ရက်သတ္တပတ်ဟာ အဆိုးရွားဆုံး ဖြစ်ခဲ့ပါတယ်လို့ MarketWatch က စာရင်းများနဲ့ ထောက်ပြပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ မိတ်ဆက်ပွဲပြီးနောက်မှာ Apple ရဲ့ စတော့တန်ဖိုးဟာ ၆ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

iPhone 8 ရောင်းအား မကောင်းခြင်းဟာ နိုဝင်ဘာလမှာ ရောင်းချမယ့် အထူးထုတ် iPhone X ကြောင့် ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ Apple Fans အများစုဟာ iPhone X ကို ၀ယ်ဖို့ စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။ Tim Cook ကတော့ Apple Stores အချို့မှာ iPhone 8 ဟာ ပစ္စည်းပြတ်သွားတဲ့အထိ ရောင်းကောင်းခဲ့တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

ref : digitaltrends

You may be interested

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ
Android, HUBS, Mobiles & Tablets
0 shares0 views

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ

Ko Thuya - Jan 18, 2019

ZTE ရဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်တဲ့ Nubia က နိုဝင်ဘာလမှာ Gaming Phone ဖြစ်တဲ့ Red Magic Mars ကို ကြေညာခဲ့ပါတယ်။ 6/64GB Model ကို ယွမ် ၂၇၀၀ ၊ 8/128GB ကို…

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ အင်တာနက်မှာ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်လာပါတယ်။ ရှောင်မီက တရားဝင် ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတွေတော့ မဟုတ်ပါဘူး။ ဓါတ်ပုံများမှာ Mi 9 ကို ရှုထောင့်မျိုးစုံကနေ မြင်ရပါတယ်။ အနောက်ဘက်မှာ 48MP Main…

ဘာသာစကား သင်ကြားပေးမယ့် Drops
Android, FEATURES, HUBS
47 shares20 views

ဘာသာစကား သင်ကြားပေးမယ့် Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး App စာရင်းထဲမှာ ပါဝင်ပါတယ်။ သူက ဘာသာစကား သင်ကြားပေးတဲ့ App ဖြစ်ပါတယ်။ ပျော်ရွှင်စွာဖြင့်…

Leave a Comment

Most from this category