105 Shares 54 Views

Chrome မှာ VR Content များကို ကြည့်နိုင်ပြီ

Sep 25, 2017
105 54

Virtual Reality နည်းပညာဟာ ဂိမ်းကစားခြင်း၊ အာကာသကို လေ့လာခြင်းတို့ကို ပြုလုပ်ရင် ပျော်စရာကောင်းစေပြီး ထူးခြားတဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ကြည့်ခြင်း၊ အင်တာနက် ကြည့်ခြင်းလို နေ့စဉ် လူတွေ ပြုလုပ်တဲ့ အရာများအတွက်လည်း ထူးခြားဆန်းသစ်တဲ့ အတွေ့အကြုံများကို ဖန်ဆင်းပေးနိုင်ပါတယ်။

အခုတော့ Google က VR Content များ ကြည့်ရှုခံစားနိုင်တဲ့ Chrome Update (Android) ကို ဖြန့်ချီပေးလိုက်ပါတယ်။ Chrome Version 61 ကို အဆင့်မြှင့်ပြီး VR Content များရှိတဲ့ ၀က်ဆိုက်ကို ဖွင့်ပါ။ ဖုန်းကို Daydream View Headset ထဲထည့်ပြီးရင်တော့ တစ်မူထူးခြားဆန်းသစ်စွာဖြင့် အင်တာနက် ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

Google က ဖေဖော်ဝါရီလမှာ Chrome မှာ WebVR နည်းပညာကို ထည့်သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ယခု Update ကျမှသာ VR Content များပါတဲ့ ၀က်ဆိုက်များကို ကြည့်ရှုနိုင်ခြင်း ဖြစ်ပါတယ်။ “ ယခု Update မှာ Users များဟာ ၀က်ဆိုက်များမှ VR Content များကို ကြည့်ခြင်း၊ ၀က်စာမျက်နှာများမှ လင့်များကို ကြည့်ခြင်းနဲ့ 2D နဲ့ VR Content များကို ပြောင်းလဲ ကြည့်ရှုခြင်းများကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ်လည်း VR စွမ်းရည်အသစ်များကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ “ လို့ Google မှ တာဝန်ရှိသူက ပြောပါတယ်။

အင်တာနက်မှာ VR Websites အချို့လည်း ပေါ်ထွက်လာနေပါပြီ။ Ford ရဲ့ ၃၆၀ ဒီဂရီ ဗီဒီယိုများနဲ့ ဆန်ဖရန်စစ္စကိုကို VR ဖြင့် လည်ပတ်နိုင်မယ့် ၀က်ဆိုက်များကို Daydream View Headset ပိုင်ရှင်များ လေ့လာနိုင်ပါတယ်။

ref : techradar

You may be interested

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ
Facebook, HUBS, NEWS
0 shares0 views

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ

Ko Thuya - Apr 23, 2018

New York Times ရဲ့ သတင်းအရ သီရိလင်္ကာမှ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese လူမျိုးများနဲ့ လူနည်းစု ဖြစ်တဲ့ မူဆလင်များအကြားမှာ Facebook မှ အမုန်းစကားများကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာတယ်လို့ သိရပါတယ်။ သီရိလင်္ကာ လူမျိုးအများစုဟာ…

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Android, HUBS, Meizu
0 shares0 views

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ

Ko Thuya - Apr 23, 2018

မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
NEWS, Tech Update
230 shares41 views

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့

Nwe Oo Thant - Apr 22, 2018

နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို  ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

Leave a Comment

Most from this category