690 Shares 139 Views

အိန္ဒိယမှာ ၂ ရက်အတွင်း စမတ်ဖုန်း အလုံးရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့တဲ့ ရှောင်မီ

Sep 24, 2017
690 139

ရှောင်မီက အိန္ဒိယရဲ့ ဈေးရောင်းပွဲတော်မှာ ၂ ရက်အတွင်း စမတ်ဖုန်း အလုံးရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ ဈေးရောင်းပွဲတော်ကို အွန်လိုင်း အရောင်းဆိုင် Flipkart နဲ့ Amazon India တို့ ပူးပေါင်း ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပြီး များစွာသော လျှော့ဈေးများဖြင့် ဖောက်သည်များကို စွဲဆောင်ခဲ့ကြပါတယ်။

ရှောင်မီဟာ အဲဒီ ၂ ရက်အတွင်းမှာ ပျမ်းမျှအားဖြင့် ၁ မိနစ်လျှင် စမတ်ဖုန်း အလုံးရေ ၃၀၀ ကျော်ရောင်းထွက်ခဲ့ပါတယ်။ ရှောင်မီက ယခင်နှစ် ဈေးရောင်းပွဲမှာ စမတ်ဖုန်း အလုံးရေ ၁ သန်းရောင်းချရဖို့ ၁၈ ရက်ကြာမြင့်ခဲ့တယ်လို့ ပြောပြီး ဒီနှစ် ဈေးရောင်းပွဲမှာ ရောင်းအား အလွန် တိုးတက်လာခဲ့ခြင်း ဖြစ်ပါတယ်။

“ စမတ်ဖုန်း လောကမှာ ဒီလို ရောင်းချနိုင်ခြင်းဟာ ပထမဆုံး ဖြစ်ပြီး Xiaomi India အတွက် သမိုင်းမှတ်တိုင် ဖြစ်ပါတယ်။ “ လို့ ရှောင်မီက ပြောပါတယ်။ Redmi Note 4 ဟာ အိန္ဒိယမှာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်း ဖြစ်ပြီး Flipkart ရဲ့ Big Billion Day Sale မှာလည်း သူဟာ ရောင်းအားအကောင်းဆုံး ဖြစ်ပါတယ်။ Amazon India ရောင်းချတဲ့ စမတ်ဖုန်း ၉ လုံးမှာ ၈ လုံးဟာ ရှောင်မီရဲ့ စမတ်ဖုန်းများ ဖြစ်ပါတယ်။ Amazon India နဲ့ Flipkart တို့ ရောင်းချရတဲ့ စမတ်ဖုန်းများထဲမှာလည်း ရှောင်မီရဲ့ ဖုန်းများက ရောင်းအား အကောင်းဆုံး ဖြစ်ပါတယ်။

ရှောင်မီက ပွဲတော် ကာလအတွင်းမှာ Redmi 4 , Redmi Note 4 တို့လို ရောင်းအားအကောင်းဆုံး စမတ်ဖုန်းများကို လုံလောက်စွာ သိုလှောင်ထားခြင်းလို စီမံခန့်ခွဲမှုများကို ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

ref : gadgets.ndtv

You may be interested

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ အင်တာနက်မှာ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်လာပါတယ်။ ရှောင်မီက တရားဝင် ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတွေတော့ မဟုတ်ပါဘူး။ ဓါတ်ပုံများမှာ Mi 9 ကို ရှုထောင့်မျိုးစုံကနေ မြင်ရပါတယ်။ အနောက်ဘက်မှာ 48MP Main…

ဘာသာစကား သင်ကြားပေးမယ့် Drops
Android, FEATURES, HUBS
47 shares11 views

ဘာသာစကား သင်ကြားပေးမယ့် Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး App စာရင်းထဲမှာ ပါဝင်ပါတယ်။ သူက ဘာသာစကား သင်ကြားပေးတဲ့ App ဖြစ်ပါတယ်။ ပျော်ရွှင်စွာဖြင့်…

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
162 shares40 views

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်

Ko Thuya - Jan 17, 2019

ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…

Leave a Comment

Most from this category