0 Shares 80 Views

ယခုနှစ်နှောင်းပိုင်းမှာ မိတ်ဆက်မယ့် HTC U11 Plus

Sep 24, 2017
0 80

HTC က စွမ်းဆောင်ရည်မြင့် U11 Plus စမတ်ဖုန်းကို ယခုနှစ်နှောင်းပိုင်းမှာ မိတ်ဆက်တော့မယ်လို့ သတင်းများထွက်ပေါ်လာပါတယ်။ သူဟာ စွမ်းဆောင်ရည်မြင့် HTC U11 ရဲ့ အရွယ်ကြီး အမျိုးအစား ဖြစ်လာမှာပါ။

ထွက်ပေါ်လာတဲ့ သတင်းများအရ HTC U11 Plus မှာ ၅.၉၉ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး Resolution မှာ 1440×2880 ဖြစ်ပါတယ်။ မျက်နှာပြင်ကို Japan Display က ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။ မျက်နှာပြင်အချိုးမှာ LG G6 , Samsung Galaxy S8 တို့မှာလို 2:1 ဖြစ်တဲ့အတွက် ရှည်လျားတဲ့ မျက်နှာပြင် ဒီဇိုင်း ဖြစ်ပါတယ်။

HTC U11 ရဲ့ ဘေးဘောင်များကို ညှစ်၍ အလုပ်များ လုပ်နိုင်တဲ့ စွမ်းဆောင်ချက်ဟာလည်း HTC U11 Plus မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ HTC U11 Plus မှာ Qualcomm Snapdragon 835 Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB or 6GB RAM နဲ့ 64GB or 128GB Storage များ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 12MP Camera နဲ့ အရှေ့ဘက်မှာ 8MP Camera တပ်ဆင်ထားနိုင်ပါတယ်။

IP68 စံနှုန်းရှိပြီး ရေစိုခံနိုင်ပါတယ်။ ဒီဇိုင်းအပိုင်းမှာ Plus Model ဟာ မူလ မော်ဒယ်နဲ့ တူညီပြီး အနောက်ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားမှာ ဖြစ်ပါတယ်။ HTC U11 Plus ကို ကမ္ဘာအ၀န်းမှာ ရောင်းချမှာ ဖြစ်ပြီး ဈေးနှုန်းကို မသိရသေးပါဘူး။

ref : techradar

You may be interested

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares0 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares94 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်
NEWS
0 shares10 views

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်

Nigma - May 25, 2019

တရုတ်နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Lenovo က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးရလဒ်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Lenovo အတွက် မျှော်မှန်းထားတာထက်ကို အခြေအနေကောင်းတဲ့ ဘဏ္ဍာရေးနှစ်လို့ ဆိုရမှာပါ။ Intelligent Transformation လို့ အမည်ပေးထားတဲ့ စီးပွားရေးဗျူဟာနဲ့ လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည် ကောင်းမွန်မှုတို့ကြောင့် ကုမ္ပဏီအနေနဲ့ စံချိန်တင်ဝင်ငွေ ရရှိခဲ့တာ…

Leave a Comment

Most from this category