1531 Shares 441 Views

iPhone 8 ၀ယ်ယူဖို့ တရုတ် Apple Store အရှေ့မှာ တန်းစီသူ မရှိ

Sep 24, 2017
1531 441

Apple က စက်တင်ဘာလ ၂၂ ရက်နေ့မှာ ကမ္ဘာအ၀န်းမှာ iPhone 8 နဲ့ iPhone 8 Plus တို့ကို စတင် ရောင်းချပေးခဲ့ပါတယ်။ အချို့ iPhone Fans များဟာ ရောင်းချမယ့် နေ့ မတိုင်ခင် ၁၀ ရက် အလိုကတည်းက စတိုးဆိုင်အရှေ့မှာ တန်းစီခဲ့ကြပါတယ်။ ဒါပေမယ့် တရုတ်မှ Apple Store များမှာတော့ ကြိတ်ကြိတ်တိုး တန်းစီ ၀ယ်ယူသူများ မရှိခဲ့ဘူးလို့ သိရပါတယ်။

Counterpoint Research မှ ခွဲခြမ်းစိတ်ဖြာသူ Neil Shah က တရုတ်လူမျိုးများဟာ တရုတ် ကုမ္ပဏီများဖြစ်တဲ့ Huawei, Vivo , Oppo, Xiaomi တို့ရဲ့ စမတ်ဖုန်းများကို ပိုမို နှစ်သက်လာကြတယ်လို့ ပြောပါတယ်။ ယခုနှစ် ဒုတိယ ကွာတားမှာ တရုတ်တွင် အဲဒီ ဘရန်းများဟာ ရောင်းအားအကောင်းဆုံး ထိပ်ဆုံး ၄ နေရာကို သိမ်းပိုက်နိုင်ခဲ့ပြီး Apple ကို နံပါတ် ၅ နေရာကို ပို့ဆောင်ပေးခဲ့ပါတယ်။ သူတို့ရဲ့ စမတ်ဖုန်းများမှာ ဈေးကြီးတဲ့ iPhone များမှာလို ကောင်းမွန်တဲ့ ကင်မရာ၊ မျက်နှာပြင်၊ ဘက်ထရီများ ထည့်သွင်းပေးထားပါတယ်။ တရုတ် စမတ်ဖုန်းများဟာ iPhone များထက် ၃၅ ကနေ ၄၅ ရာခိုင်နှုန်းအထိ ဈေးသက်သာကြပါတယ်။

အချို့တရုတ်လူမျိုးများကလည်း နိုဝင်ဘာလမှာ ရောင်းချမယ့် iPhone X ကို စောင့်မျှော်ချင်တယ်လို့ ရေးသားထားကြပါတယ်။ အချို့ကလည်း Apple Website နဲ့ Alibaba ရဲ့ Tmall တို့လို အွန်လိုင်း စတိုးဆိုင်များကနေ ၀ယ်ယူရတာ ပိုမို အဆင်ပြေတဲ့အတွက် တရုတ်မှ Apple စတိုးဆိုင်များမှာ လူများ မရှိခြင်းဖြစ်တယ်လို့ ပြောကြပါတယ်။

ref : cnet

You may be interested

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ
Facebook, HUBS, NEWS
0 shares0 views

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ

Ko Thuya - Apr 23, 2018

New York Times ရဲ့ သတင်းအရ သီရိလင်္ကာမှ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese လူမျိုးများနဲ့ လူနည်းစု ဖြစ်တဲ့ မူဆလင်များအကြားမှာ Facebook မှ အမုန်းစကားများကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာတယ်လို့ သိရပါတယ်။ သီရိလင်္ကာ လူမျိုးအများစုဟာ…

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Android, HUBS, Meizu
0 shares0 views

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ

Ko Thuya - Apr 23, 2018

မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
NEWS, Tech Update
230 shares41 views

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့

Nwe Oo Thant - Apr 22, 2018

နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို  ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

Leave a Comment

Most from this category