134 Shares 70 Views

Lenovo ရဲ့ ၂၅ ပြည့် အထူးထုတ် ThinkPad 25 Laptop ရဲ့ သတင်းများထွက်ပေါ်

Sep 24, 2017
134 70

Lenovo က ThinkPad Laptop များ ထုတ်လုပ်ရောင်းချခဲ့တာ ၂၀၁၇ ခုနှစ်မှာ ၂၅ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအတွက် Lenovo က ၂၅ နှစ်ပြည့် အထူးထုတ် ThinkPad Laptop ကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီလက်တော့ရဲ့ သတင်းအချက်အလက်များဟာ အခုတော့ ဂျာမနီ ၀က်ဆိုက် Winfuture.de ကနေ ထွက်ပေါ်လာပါတယ်။

အထူးထုတ် လက်တော့ဟာ Lenovo ThinkPad T470 ကို အခြေခံ တည်ဆောက်ထားပြီး ၁၄ လက်မ Full HD IPS Screen ထည့်သွင်းထားမယ်လို့ သိရပါတယ်။ Intel Core i7 CPU မောင်းနှင်မှာ ဖြစ်ပါတယ်။ 16GB RAM , 512GB SSD , Nvidia 940MX GPU များ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Lenovo က အထူးထုတ် လက်တော့မှာ သူ့ရဲ့ အထင်ကရ ၀ိသေသများဖြစ်တဲ့ ThinkVantage Enter Button ၊ အရောင်စုံ ThinkPad Badge နဲ့ Trackpoint တို့ကို တပ်ဆင်ထားမယ်လို့ ထင်ရပါတယ်။

Ports များထဲမှာ USB-C , Thunderbolt 3, SD Card Reader , HDMI, Ethernet တို့ ပါဝင်မှာ ဖြစ်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ Windows Hello ကို ထောက်ပံ့တဲ့ Webcam တစ်လုံး ပါလာနိုင်ပါတယ်။ Lenovo က ThinkPad Laptop များကို ၁၉၉၂ ခုနှစ်က စတင် ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။

ref : gizmodo

You may be interested

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ
Android, HUBS, Mobiles & Tablets
0 shares0 views

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ

Ko Thuya - Jan 18, 2019

ZTE ရဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်တဲ့ Nubia က နိုဝင်ဘာလမှာ Gaming Phone ဖြစ်တဲ့ Red Magic Mars ကို ကြေညာခဲ့ပါတယ်။ 6/64GB Model ကို ယွမ် ၂၇၀၀ ၊ 8/128GB ကို…

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ အင်တာနက်မှာ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်လာပါတယ်။ ရှောင်မီက တရားဝင် ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတွေတော့ မဟုတ်ပါဘူး။ ဓါတ်ပုံများမှာ Mi 9 ကို ရှုထောင့်မျိုးစုံကနေ မြင်ရပါတယ်။ အနောက်ဘက်မှာ 48MP Main…

ဘာသာစကား သင်ကြားပေးမယ့် Drops
Android, FEATURES, HUBS
47 shares20 views

ဘာသာစကား သင်ကြားပေးမယ့် Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး App စာရင်းထဲမှာ ပါဝင်ပါတယ်။ သူက ဘာသာစကား သင်ကြားပေးတဲ့ App ဖြစ်ပါတယ်။ ပျော်ရွှင်စွာဖြင့်…

Leave a Comment

Most from this category