79 Shares 36 Views

အသံ အမိန့်ဖြင့် ထိန်းချုပ်နိုင်တဲ့ Drone

Sep 24, 2017
79 36

Aire အမည်ရ ဒရုန်းဟာ နေအိမ်မှာ အသုံးပြုဖို့ ဒီဇိုင်းထုတ်ထားပြီး သူ့ကို အသံအမိန့်များဖြင့် ခိုင်းစေနိုင်ပါတယ်။ Amazon Alexa ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်ရဲ့ အကူအညီဖြင့် သူ့ကို အသံအမိန့်များဖြင့် ခိုင်းစေနိုင်ခြင်း ဖြစ်ပြီး ပါးစပ်ကနေ ပြောလိုက်တာနဲ့ သူက ဓါတ်ပုံရိုက်ကူးပေးမှာ ဖြစ်ပါတယ်။

သူ့ကို ထုတ်လုပ်ရောင်းချဖို့ Kickstarter ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပြီး သူ့ကို နေအိမ်သုံး အလိုအလျှောက် ပျံသန်းနိုင်တဲ့ စက်ရုပ် လက်ထောက်အဖြစ် ကြော်ညာထားပါတယ်။ သူက နေအိမ်ထဲမှ အရာဝတ္ထုများကိုလည်း ရှောင်ကွင်း ပျံသန်းနိုင်ပါတယ်။ သူ့ကို စမတ်ဖုန်းကနေ ထိန်းချုပ်နိုင်ပါတယ်။ သူ့မှာ ကင်မရာ ၊ မိုက်ကရိုဖုန်း၊ စပီကာများ တပ်ဆင်ထားတဲ့အတွက် နေအိမ် ပြင်ပရောက်နေချိန်မှာ အိမ်ရဲ့ လုံခြုံရေး အခြေအနေကို စစ်ဆေးခြင်း၊ နေအိမ်မှ အိမ်သားများနဲ့ Video Chat ခြင်းများ ပြုလုပ်နိုင်ပါတယ်။

သူဟာ ဒရုန်းပုံသဏ္ဍာန်နဲ့ မတူဘဲ Hair Dryer သို့မဟုတ် ဖုန်စုပ်စက်နဲ့ ပိုတူပါတယ်။ သူဟာ ပျံသန်းရာမှာ အလွန် တည်ငြိမ်ပါတယ်။ သူ့မှာ အမြင်အာရုံအတွက် ကင်မရာများ၊ အတားအဆီးများကို ရှောင်လွှဲနိုင်ဖို့အတွက် 3D Depth Camera နဲ့ တည်နေရာ အာရုံခံဖို့အတွက် အောက်ဘက်ကို မျက်နှာမူထားတဲ့ ကင်မရာနဲ့ အရာဝတ္ထုများကို ရှောင်ကွင်းဖို့ Sonar Sensors များ တပ်ဆင်ထားပါတယ်။ သူဟာ မြေပြင်သို့ အလိုအလျှောက် ဆင်းသက်နိုင်ပါတယ်။ သူ့ကို အခြေခံ Alexa Command များဖြင့် ထိန်းချုပ်နိုင်ပါတယ်။

Aire ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။ စက်တင်ဘာလမှာ Beta Model ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ ရောင်းချချိန်မှာ ဈေးနှုန်းဟာ ဒေါ်လာ ၁၄၉၉ ဖြစ်မှာပါ။ လက်ရှိမှာ Kickstarter ၀က်ဆိုက်မှာ ရန်ပုံငွေ ၇၄၉ ထည့်ဝင်ပြီး လျှော့ဈေးဖြင့် ၀ယ်ယူထားနိုင်ပါတယ်။

ref : theverge

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares41 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category