0 Shares 761 Views

ကမ္ဘာ့ပထမဆုံး အဲကွန်း လက်ပတ်နာရီ

Sep 24, 2017
0 761

ဟောင်ကောင် အခြေစိုက် Aricon Company က ကမ္ဘာ့ပထမဆုံး အဲကွန်း လက်ပတ်နာရီကို တီထွင်လိုက်တယ်လို့ ကြေညာပါတယ်။ လက်ပတ်နာရီက ၀တ်ဆင်ထားသူကို ၁၂ ဒီဂရီ ဆဲလ်ဆီးယပ် အထိ အေးမြအောင် ပြုလုပ်ပေးနိုင်ပြီး ၄၀ ဒီဂရီ ဆဲလ်ဆီးယပ်အထိ ပူအောင် ဖန်တီးပေးနိုင်ပါတယ်။

လက်ပတ်နာရီမှာ ClimaCon နည်းပညာကို အသုံးပြုထားပြီး လက်ပတ်နာရီက ၀တ်ဆင်သူရဲ့ လက်ကောက်ဝတ်သို့ အပူ သို့မဟုတ် အေးမြမှုကို ထုတ်လွှင့်ပေးပါတယ်။ အဲဒီကနေ ခန္တာကိုယ်တစ်ခုလုံးရဲ့ အပူချိန်ကို ချိန်ညှိပေးပါတယ်။ ဘယ်လို ရာသီဥတုမျိုးမှာမဆို ၀တ်ဆင်ထားသူဟာ သက်တောင့်သက်သာ ရှိနေမှာ ဖြစ်ပါတယ်။ လူသားများဟာ Aircon Watch ကို အသုံးပြုခြင်းဖြင့် အပူ သို့မဟုတ် အအေးကို ထုတ်လုပ်ပေးဖို့ ဦးနှောက်ဆီသို့ အာရုံခံစနစ်က ပေးပို့တဲ့ သတင်းအချက်အလက်များကို ပြောင်းလဲနိုင်တယ်လို့ တီထွင်သူများက ပြောပါတယ်။ ဒီလို ဦးနှောက်ကို လှည့်စားခြင်းဖြင့် ခန္တာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိခြင်း ဖြစ်ပါတယ်။

သူ့ရဲ့ နည်းပညာဟာ လက်ပတ်ကြိုးမှာ တည်ရှိခြင်းဖြစ်ပြီး ClimaCon နည်းပညာပါတဲ့ ကိရိယာငယ်ကို ထည့်သွင်းထားပါတယ်။ ကိရိယာဟာ အာရုံကြောများရှိတဲ့ လက်ကောက်ဝတ် အတွင်းပိုင်းနဲ့ နီးကပ်စွာ အလုပ်လုပ်ပြီး အပူချိန်ကို အမြန်ဆုံး ကူးပြောင်းပေးဖို့ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

နာရီကနေ သင်နှစ်သက်တဲ့ အပူချိန်ကိုလည်း သတ်မှတ်နိုင်ပါတယ်။ Display Screen မှာ ခလုတ် ၃ ခုသာပါပြီး အသုံးပြုရတာ လွယ်ကူပါတယ်။ လက်ပတ်ကြိုးများကိုလည်း လဲလှယ်နိုင်တဲ့အတွက် ဖက်ရှင်ကျ လှပချင်သူများအတွက် အဆင်ပြေပါတယ်။ နာရီကနေ အချိန်၊ နေ့ရက်များကို သိနိုင်ပါတယ်။ သူ့ကို ထုတ်လုပ်ရောင်းချဖို့ လက်ရှိမှာ Kickstarter ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ ရန်ပုံငွေ ဒေါ်လာ ၈၀ ထည့်ဝင်ထားရင် ရောင်းချချိန်မှာ နာရီတစ်လုံး ရရှိမှာပါ။

ref : odditycentral

You may be interested

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares0 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares94 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်
NEWS
0 shares10 views

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်

Nigma - May 25, 2019

တရုတ်နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Lenovo က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးရလဒ်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Lenovo အတွက် မျှော်မှန်းထားတာထက်ကို အခြေအနေကောင်းတဲ့ ဘဏ္ဍာရေးနှစ်လို့ ဆိုရမှာပါ။ Intelligent Transformation လို့ အမည်ပေးထားတဲ့ စီးပွားရေးဗျူဟာနဲ့ လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည် ကောင်းမွန်မှုတို့ကြောင့် ကုမ္ပဏီအနေနဲ့ စံချိန်တင်ဝင်ငွေ ရရှိခဲ့တာ…

Leave a Comment

Most from this category