0 Shares 859 Views

အနောက်ကင်မရာ ၂ လုံးပါလာမယ့် Xiaomi Redmi Note 5

Sep 23, 2017
0 859

Xiaomi ဖန်တီးနေတဲ့ Redmi Note 5 ရဲ့ Specifications များ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ရှောင်မီက Redmi Note 5 အတွက် မော်ဒယ် ၂ မျိုးကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ Redmi Note 5 မှာ အနောက်ကင်မရာ ၂ လုံးတပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။

Redmi Note 5 မှာ Octa-Core Qualcomm Snapdragon 660 Processor ထည့်သွင်းထားမှာ ဖြစ်တဲ့အတွက် တန်ဖိုးနည်း စမတ်ဖုန်းထဲမှာ အလယ်အလတ်ထက် ပိုမို စွမ်းရည်မြင့်တဲ့ Processor ကို ပထမဆုံးအနေဖြင့် ထည့်သွင်းပေးခြင်း ဖြစ်ပါတယ်။

Redmi Note 5 ရဲ့ အနောက်ဘက်မှာ 16 Megapixel Primary Camera နဲ့ 5 Megapixel Secondary Camera တပ်ဆင်ထားမယ်လို့ သိရပါတယ်။ Redmi Series များထဲမှာ အနောက်ကင်မရာ ၂ လုံးပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ အရှေ့ဘက်မှာ 12 Megapixel Camera ပါလာနိုင်ပါတယ်။ 3GB RAM or 4GB RAM နဲ့ 32GB or 64GB Internal Storage များ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ၅.၅ လက်မ Full HD Display , Fingerprint Scanner , 4000mAh Battery များ ပါမှာပါ။

3GB RAM ကို မြန်မာငွေ ၂၀၀ ၀၀၀ နဲ့ 4GB RAM ကို ၂၅၀ ၀၀၀ ၀န်းကျင်ဖြင့် ရောင်းချနိုင်ပါတယ်။ ရောင်းချမယ့် အချိန်ကိုတော့ မသိရသေးပါဘူး။

ref : techradar

You may be interested

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares0 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares94 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်
NEWS
0 shares10 views

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်

Nigma - May 25, 2019

တရုတ်နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Lenovo က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးရလဒ်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Lenovo အတွက် မျှော်မှန်းထားတာထက်ကို အခြေအနေကောင်းတဲ့ ဘဏ္ဍာရေးနှစ်လို့ ဆိုရမှာပါ။ Intelligent Transformation လို့ အမည်ပေးထားတဲ့ စီးပွားရေးဗျူဟာနဲ့ လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည် ကောင်းမွန်မှုတို့ကြောင့် ကုမ္ပဏီအနေနဲ့ စံချိန်တင်ဝင်ငွေ ရရှိခဲ့တာ…

Leave a Comment

Most from this category