596 Shares 204 Views

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus

Sep 23, 2017
596 204

iPhone 8 နဲ့ iPhone 8 Plus တို့ကို ၂၂ ရက်နေ့မှာ စတင်ရောင်းချပေးလိုက်ပါတယ်။ စမတ်ဖုန်း ကင်မရာများကို အကဲဖြတ်စမ်းသပ်တဲ့ DxOMark က iPhone 8 ၂ လုံးရဲ့ ကင်မရာများကို စမ်းသပ်ခဲ့ပြီးနောက်မှာ အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခဲ့ပါတယ်။ အရင်တုန်းကတော့ Google Pixel က အကောင်းဆုံး စမတ်ဖုန်း ကင်မရာ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ရမှတ် ၉၀ ဖြင့် HTC U11 က ပထမနေရာကို လုယူသွားခဲ့ပါတယ်။ အခုတော့ ရမှတ် ၉၄ ဖြင့် iPhone 8 Plus ရဲ့ကင်မရာက ပထမနေရာကို သိမ်းပိုက်သွားပါတယ်။ iPhone 8 ရဲ့ ရမှတ်ကတော့ ၉၂ ဖြစ်ပါတယ်။

iPhone 8 Plus ဟာ ဓါတ်ပုံအရည်အသွေး အပိုင်းမှာ ရမှတ် ၉၆ ရခဲ့ပါတယ်။ ဗီဒီယိုအပိုင်းမှာ ရမှတ် ၈၉ ရခဲ့ပြီး HTC U11 နဲ့ ရမှတ်တူညီပါတယ်။ ဗီဒီယိုအပိုင်းမှာတော့ Google Pixel က ၉၁ မှတ် ရရှိထားပါတယ်။ iPhone 8 Plus မှာ အလွန်ကောင်းမွန်တဲ့ ဓါတ်ပုံ အရည်အသွေးနဲ့ စမတ်ဖုန်း နယ်ပယ်ရဲ့ ထိပ်တန်း Portrait Mode ပါပါတယ်။ သူဟာ ကဏ္ဍပေါင်းစုံမှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

သူ့ရဲ့ အဆင့်မြင့် ဆော့ဖ်ဝဲက HDR Photos များကို ရိုက်ကူးရာမှာ အလွန် အစွမ်းထက်ပါတယ်။ အကောင်းဆုံး Zoom နဲ့ Bokeh Effect များကို ဖန်တီးပေးနိုင်ပါတယ်။ ဗီဒီယိုများကို တည်ငြိမ်အောင် ပြုလုပ်ခြင်း၊ အရောင်ထုတ်လုပ်ခြင်းနဲ့ အလင်းရောင်ထဲမှာ မျက်နှာကို အာရုံခံခြင်းများမှာ အလွန် ကောင်းမွန်ပါတယ်။

iPhone 8 ဟာ ကင်မရာတစ်လုံးပါတဲ့ အကောင်းဆုံး စမတ်ဖုန်း ကင်မရာ ဖြစ်ပါတယ်။ သူ့ရဲ့ အနောက်ကင်မရာဟာ iPhone 8 Plus ရဲ့ ပင်မ ကင်မရာနဲ့ တူညီပါတယ်။ Plus မှာ အပိုပါတဲ့ ကင်မရာကြောင့် Zoom, Bokeh တို့ကို ဖန်တီးနိုင်တဲ့အတွက် iPhone 8 ထက် ရမှတ်များရခြင်း ဖြစ်ပါတယ်။

ref : gsmarena

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
118 shares40 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Leave a Comment

Most from this category