166 Shares 37 Views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Sep 23, 2017
166 37

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀ မှာ ရင်းနှီးမြှပ်နှံမှာ ဖြစ်တယ်လို့ ဘိုင်ဒူးက ပြောပါတယ်။ ဒီစီမံကိန်းနဲ့ တစ်ပြိုင်ထဲ ဘိုင်ဒူးက သူ့ရဲ့ ဒုတိယမျိုးဆက် မောင်းသူမဲ့ ကား ဆော့ဖ်ဝဲ Apollo 1.5 ကို ဖြန့်ချီပေးလိုက်ပါတယ်။

ဘိုင်ဒူးဟာ စက်ရုပ်ကား နည်းပညာအတွက် ကုမ္ပဏီများစွာနဲ့ ပူးပေါင်းထားပါတယ်။ ယခုနှစ် ဇူလိုင်လမှာ လက်တွဲဖော် ကုမ္ပဏီပေါင်း ၅၀ ရှိခဲ့ပြီး ယခုတော့ ၇၀ အထိ တိုးတက်လာပါတယ်။ သူ့ရဲ့ လက်တွဲဖော်များထဲမှာ Nvidia , TomTom NV တို့ ပါဝင်ကြပါတယ်။

ဘိုင်ဒူးက သူနဲ့ ပူးပေါင်းသူများအတွက် အတားအဆီးများကို ကျော်လွှားတဲ့ နည်းပညာ၊ မြေပုံများနဲ့ အခြား နည်းပညာကို ပံ့ပိုးပေးမယ်လို့ ပြောပါတယ်။ ဘိုင်ဒူးဟာ ယခုနှစ် ဧပြီလမှာ စက်ရုပ်ကားနည်းပညာအတွက် အခြား ကုမ္ပဏီများနဲ့ စတင် ပူးပေါင်းခဲ့ခြင်း ဖြစ်ပါတယ်။ ယခုလို ပူးပေါင်းခြင်းဟာ အမေရိကန် ကုမ္ပဏီများဖြစ်တဲ့ Tesla နဲ့ Google တို့ရဲ့ စက်ရုပ်ကား နည်းပညာများကို ယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်။

ဘိုင်ဒူးက ၂၀၂၀ ခုနှစ်မှာ တရုတ်တွင် မောင်းသူမဲ့ ကားများကို အသုံးပြုနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဘိုင်ဒူးဟာ မောင်းသူမဲ့ ကားများကို အများသုံးလမ်းမများပေါ်မှာ အသုံးပြုခွင့်ရအောင် တရုတ် အာဏာပိုင်များနဲ့လည်း ညှိနှိုင်းရမယ့် စိန်ခေါ်မှုများလည်း ရှိနေပါသေးတယ်။

ref : independent

You may be interested

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Android, HUBS, Meizu
0 shares0 views

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ

Ko Thuya - Apr 23, 2018

မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
NEWS, Tech Update
230 shares39 views

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့

Nwe Oo Thant - Apr 22, 2018

နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို  ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

iOS နဲ့ Mac OS ကိုပေါင်းမှာမဟုတ်တဲ့ Tim Cook
Apple, NEWS
398 shares86 views

iOS နဲ့ Mac OS ကိုပေါင်းမှာမဟုတ်တဲ့ Tim Cook

Nwe Oo Thant - Apr 22, 2018

Apple က iOS နဲ့ Mac OS ကိုပေါင်းမယ်ဆိုရင် developer တွေအနေနဲ့ iPhone, iPad, Macbook သုံးမျိုးလုံးမှာသုံးလို့ရမယ့် application ဗားရှင်းတစ်မျိုးထုတ်လို့ရမယ်လို့ bloomberg ကပြောခဲ့ဖူးပါတယ်။ ဒီ app က touch screen နဲ့ပဲဖြစ်ဖြစ်…

Leave a Comment

Most from this category