126 Shares 36 Views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Sep 23, 2017
126 36

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ မတ်စောက်တဲ့ တည်နေရာများ ၊ မညီညာတဲ့ တည်နေရာများမှာတောင် တာဝန်ထမ်းဆောင်နိုင်ပါတယ်။

Knightscope ရဲ့ အရင် စက်ရုပ်များလိုပဲ K7 မှာ အသံ၊ ဗီဒီယိုနဲ့ အခြား Sensors များကို တပ်ဆင်ထားပါတယ်။ ဈေးဝယ်စင်တာများ၊ စတိုးဆိုင်များ၊ ရုပ်ရှင်ရုံများလို နေရာများမှာ သူ့ကို လုံခြုံရေး တာဝန်ပေးအပ်ထားနိုင်ပါတယ်။ သူ့ရဲ့ စက်ရုပ်များကို အမေရိကန် ပြည်ထောင်စုမှ ပြည်နယ် ၈ ခုမှာ မှာယူထားတဲ့ ဖောက်သည်ပေါင်း ၃၂ ခု ရှိနေပါပြီ။ အရေအတွက်အားဖြင့် စက်ရုပ် ၄၄ ရုပ်ကို မှာယူထားကြပါတယ်။ ယခုနှစ်အကုန်မှာ စက်ရုပ်ပေါင်း ၁၀၀ ကို တိုးချဲ့ထုတ်လုပ်ဖို့ ကုမ္ပဏီက ရည်မှန်းထားပါတယ်။

“ ကျွန်တော်တို့ဟာ ရာဇ၀တ်မှုများကို ခန့်မှန်းခြင်း၊ ကာကွယ်ခြင်းများအတွက် ရေရှည် အသုံးပြုနိုင်မယ့် နည်းပညာများကို တီထွင်နေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ် ရာဇ၀တ်မှုကြောင့် စီးပွားရေးကို အလွန် ထိခိုက်နေပါတယ်။ ကျွန်တော်တို့ရဲ့ ရေရှည် ရည်ရွယ်ချက်က ကမ္ဘာမှာ အမေရိကန်ပြည်ထောင်စုကို အလုံခြုံဆုံးနိုင်ငံ ဖြစ်လာဖို့ ဖြစ်ပါတယ်။ “ လို့ Knightscope ရဲ့ စီအီးအို ဖြစ်သူ William Santana Li က The Register ကို ပြောပါတယ်။

ref: mashable

You may be interested

Mid-range ဖုန်းတွေရဲ့ ပထမဆုံး In-Display Fingerprint Scanning စနစ်ကို ချဉ်းကပ်ကြည့်ခြင်း
FEATURES, HUBS, Vivo
0 shares16 views

Mid-range ဖုန်းတွေရဲ့ ပထမဆုံး In-Display Fingerprint Scanning စနစ်ကို ချဉ်းကပ်ကြည့်ခြင်း

Creepy Tyler - Oct 15, 2018

(Zawgyi) ၂၀၁၈ ခုနှစ်ဟာ စခရင်အပြည့်ဖုန်းတွေရဲ့ နှစ်ဖြစ်ပါတယ်။ တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ စမတ်ဖုန်းတွေမှာ ဘောင်တွေ တဖြည်းဖြည်းပျောက်လာပြီး၊ အသုံးပြုသူတွေအတွက် ပိုမိုထဲထဲဝင်ဝင် ခံစားနိုင်တဲ့ Immersive Experiences ကို ပေးစွမ်းလာနိုင်ကြပါတယ်။ ဒါပေမယ့် စခရင်အပြည့်နဲ့ Immersive အရသာကို ပေးစွမ်းနိုင်ဖို့အတွက် ပြန်ရင်းနှီးပေးလိုက်ရတာ…

Apple Face ID မှာ Alternate Apperance ထည့်သွင်းနည်း
Apple, FEATURES, HOW TO
0 shares25 views

Apple Face ID မှာ Alternate Apperance ထည့်သွင်းနည်း

Ko Thuya - Oct 15, 2018

iOS 12 မှာ Apple Face ID အတွက် လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ အဲဒီအထဲက တစ်ခုမှာ သင့် မိသားစုဝင်၊ သူငယ်ချင်းလို အခြား လူတစ်ဦးရဲ့ မျက်နှာကို သင့်ဖုန်းရဲ့ Face ID မှာ ထည့်သွင်းနိုင်တာ…

HTC ရဲ့ Blockchain Smartphone ကို ယခုလ ၂၂ ရက်နေ့မှာ ကြေညာမည်
Android, HTC, HUBS
0 shares27 views

HTC ရဲ့ Blockchain Smartphone ကို ယခုလ ၂၂ ရက်နေ့မှာ ကြေညာမည်

Ko Thuya - Oct 15, 2018

HTC က Blockchain Smartphone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေတာ လအနည်းငယ် ရှိနေပါပြီ။ မကြာခင်ကလည်း အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက် အချို့ကို ကုမ္ပဏီက ပြောခဲ့ဖူးပါတယ်။ သူ့ရဲ့ အမည်က HTC Exodus ဖြစ်ပါတယ်။ အခုတော့…

Leave a Comment

Most from this category