1199 Shares 1411 Views

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်

Sep 23, 2017
1199 1411

Huawei က တရုတ်မှာ Maimang 6 အမည်ရ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ကို အခြားနိုင်ငံများမှာ Mate 10 Lite အမည်ဖြင့် ရောင်းချနိုင်ပါတယ်။ Huawei Maimang 6 မှာ ၅.၉ လက်မ Full HD 2160×1080 Pixel Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အချိုးမှာ 18:9 ဖြစ်ပါတယ်။

သူ့မှာ 4GB RAM, 64GB Internal Storage ထည့်သွင်းထားပါတယ်။ 16MP+2MP Camera ၂ လုံးကို အနောက်ဘက်နဲ့ 13MP+2MP Camera ၂ လုံးကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ အရှေ့နဲ့ အနောက်ကင်မရာများက iPhone X မှာလို Bokeh Effect များကို ဖန်တီးပေးနိုင်မယ်လို့ ထင်ရပါတယ်။

အရွယ်အစား အပြည့်အစုံမှာ 156.2 x 75.2 x 7.5mm ဖြစ်ပြီး ၁၆၄ ဂရမ် အလေးချိန်ရှိပါတယ်။ Android 7.0 Nougat အခြေပြု EMUI 5.1 ထည့်သွင်းထားပါတယ်။ 3340mAh Battery တပ်ဆင်ထားပါတယ်။

Maimang 6 ရဲ့ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ Hybrid SIM Slot တပ်ဆင်ထားတဲ့အတွက် SIM Card ၂ ခု အသုံးပြုနိုင်ပေမယ့် microSD Card နဲ့ Slot ၁ ခုကို မျှဝေ အသုံးပြုရမှာ ဖြစ်ပါတယ်။ အနက်၊ ရွှေနဲ့ အပြာရောင်များ ထုတ်လုပ်ပေးထားပါတယ်။

တရုတ်မှာ ယွမ် ၂၃၉၉ သတ်မှတ်ထားပြီး ၃၆၅ ဒေါ်လာဝန်းကျင် ကျသင့်ပါတယ်။ မြန်မာငွေအားဖြင့် ၅ သိန်းနီးပါး တန်ကြေးရှိနိုင်ပါတယ်။

ref : gsmarena

You may be interested

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
0 shares0 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်
FEATURES, HOW TO, Mobile & Tablets
147 shares668 views

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်

Ko Thuya - Jun 19, 2018

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ၀န်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ…

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple
Uncategorized
375 shares1172 views

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple

Nwe Oo - Jun 19, 2018

[Zawgyi]  Apple က တခြား Third-Party ဆားဗစ်သမားတွေပြင်ပြီးသား iPhone တွေ iPad တွေကိုပြင်ဆင်ပေးဖို့ ငြင်းဆန်တဲ့အတွက် သြစတေးလျတရားရုံးက Apple ကို A$9သန်း (ကန်ဒေါ်လာ၆.၅သန်း[or] ယူရို၅သန်း) ဒဏ်ငွေတပ်လိုက်ပါတယ်။ မနှစ်ကလည်း ဒီလိုပဲ အမှားအယွင်းဖြစ်နေတဲ့ iPhone, iPad…

Leave a Comment

Most from this category