158 Shares 171 Views

အရင်ကထက် မြင်တွေ့ခံစားနိုင်ဖို့ စွန့်စားလိုက်ကြမလား

လူအများစုဟာ လုပ်ရိုးလုပ်စဉ်တွေကြားမှာပဲ နေသားကျနေလေ့ရှိပါတယ်။ သွားနေကျလမ်းက သွားတယ်။ စားနေကျ အစားအစာကိုစားတယ်။ လုပ်နေကျအလုပ်ကိုပဲ လုပ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သာမန်အတိုင်း ရှင်သန်နေထိုင်တာက သက်သောင့်သက်သာ ရှိတယ်လို့ ခံစားကြရလို့ပါပဲ။

တစ်ဘက်က ပြန်တွေးကြည့်ရင်တော့ လမ်းသစ်တစ်ခုကနေ သွားတယ်ဆိုတာက အခက်အခဲတွေ တွေ့လာနိုင်တာ အမှန်ပါပဲ။ ပုံမှန်အတိုင်း သက်သောင့်သက်သာ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ လမ်းသစ်တစ်ခုကနေသွားဖို့အတွက် အားအင်တွေ ပိုပြီးစိုက်ထုတ်ရပါမယ်။ လုံ့လတွေပိုကြီးမားရပါမယ်။ စိတ်ရှည်မှုနဲ့ ဉာဏ်ပညာတွေကလည်း မရှိမဖြစ် လိုအပ်တဲ့အရာတွေပါပဲ။

စွန့်စားမှုတစ်ခုကို အစပြုဖို့အတွက် အရင်ဦးဆုံး လိုအပ်တာကတော့ အဟောင်းကို စွန့်ခွာဖို့ သတ္တိပါ။ စွန့်စားရဲတာကမှ သတ္တိမဟုတ်ပါဘူး။ အဟောင်းကို စွန့်ခွာရဲတာကလည်း သတ္တိပါပဲ။ သေချာတာကတော့ နေရာဟောင်းကို စွန့်ခွာလိုက်တာနဲ့ မြင်နေကျအဟောင်းတွေ၊ ကြုံနေကျအရာတွေကနေ ကွဲပြားတဲ့ အတွေ့အကြုံသစ်ကို စပြီးရရှိမှာပါ။

သာမန်ဘဝထဲမှာပဲ သက်သောင့်သက်သာနဲ့ နေမယ်ဆိုရင် ပိုပြီးကောင်းတဲ့ အသစ်တစ်ခုကို ရရှိဖို့ မဖြစ်နိုင်ပါဘူး။ စွန့်စားပြီး အသစ်တစ်ခုကို ရှာဖွေလိုက်ရင်တော့ ပိုပြီးကောင်းတဲ့  အရာတစ်ခုကို မလွဲမသွေရရှိမှာ အမှန်ပါပဲ။ ဒီနေ့ခေတ်ရဲ့ နည်းပညာလောကမှာ အသစ်အသစ်တွေနဲ့ တိုးတက်ပြောင်းလဲနေရခြင်းရဲ့ အဓိကအကြောင်းအရင်းက အမြဲတမ်းလိုလို နောက်ထပ် နည်းလမ်းသစ်တွေကို ရှာဖွေနေလို့ပဲ ဖြစ်ပါတယ်။ ရှာဖွေတွေ့ရှိထားတဲ့ အရာတစ်ခုကို ကောင်းလှပြီဆိုပြီး ကျေနပ်မနေဘဲ ပိုပြီးကောင်းအောင် နည်းလမ်းတွေ ရှာဖွေနေလို့ပါပဲ။

သွားနေကျလမ်းကသွားရင် မြင်နေကျ အရာတွေကိုပဲ မြင်ပါမယ်။ စားနေကျ အစားအစာကိုပဲစားရင် ရနေကျ အရသာကိုပဲ ရပါမယ်။ လုပ်နေကျအလုပ်ကိုပဲ လုပ်နေရင် ဖြစ်နေကျရလဒ်ကိုပဲ ရပါလိမ့်မယ်။ စွန့်စားကြည့်လိုက်ရင်တော့ မတူကွဲပြားတဲ့ အရာတွေကို မြင်လာပါလိမ့်မယ်။ ဆန်းသစ်တဲ့ အရသာကို ခံစားရပါလိမ့်မယ်။ ပိုပြီးကောင်းတဲ့ ရလဒ်ကို ရလာပါလိမ့်မယ်။

ပြီးခဲ့တဲ့ ရက်တွေက Vivo ကနေ ထုတ်ကုန်သစ် V7+ ကို မိတ်ဆက်ထားတဲ့ ဗွီဒီယိုကို လွှင့်တင်ခဲ့ပါတယ်။ ဒီ ဗွီဒီယိုထဲမှာ ပါဝင်တဲ့ နောက်ခံစကားပြောတစ်ခုက “သာမန်ဘ၀ထဲမှာပဲ သက်သောင့်သက်သာနေမလား၊ ဒါမှမဟုတ် စွန့်စားလိုက်ကြမလား” ဆိုတာပါပဲ။

ဟုတ်ပါတယ်။ Vivo လည်း သူတို့ရဲ့ ထုတ်ကုန်တွေကို တစ်ဆင့်ပြီး တစ်ဆင့်မြှင့်တင်ရင်း ပိုပြီးကောင်းတဲ့၊ ပိုပြီး ကြည့်မြင်ခံစားနိုင်တဲ့ FullViewTM Display ဆိုတဲ့ ဆန်းသစ်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့ကြပါတယ်။ V5 နဲ့ ကိုယ်ထည် အချိုးအစားချင်း တူညီနေပေမယ့် V7+ ရဲ့ မျက်နှာပြင်ကတော့ 18:9 ဖြစ်ပြီး 12.5% လောက် ပိုပြီး ကြီးသွားပါတယ်။ သာမန် မြင်တွေ့နေကျနဲ့ မတူညီတဲ့ အမြင်အာရုံခံစားမှုကို ရယူခံစားနိုင်မယ်လို့လည်း ပြောထားပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ Vivo ကတော့ သက်သောင့်သက်သာ မနေဘဲ စွန့်စားမှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေတာ အသေအချာပါပဲ။ ဒါကြောင့်လည်း Under Display fingerprint Scanning Solution ကို မိတ်ဆက်ပြသခဲ့တာ ဖြစ်ပါလိမ့်မယ်။

ဒါဖြင့်ရင် ကျွန်တော်တို့ကရော။ ဘဝကို သက်သောင့်သက်သာနဲ့ပဲ နေလိုက်ကြမလား။ ဒါမှမဟုတ် ပိုပြီးကောင်းတဲ့ အရာတွေကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် စွန့်စားလိုက်ကြမလား။

#vivo

You may be interested

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Android, HUBS, Meizu
0 shares0 views

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ

Ko Thuya - Apr 23, 2018

မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
NEWS, Tech Update
230 shares39 views

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့

Nwe Oo Thant - Apr 22, 2018

နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို  ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

iOS နဲ့ Mac OS ကိုပေါင်းမှာမဟုတ်တဲ့ Tim Cook
Apple, NEWS
398 shares86 views

iOS နဲ့ Mac OS ကိုပေါင်းမှာမဟုတ်တဲ့ Tim Cook

Nwe Oo Thant - Apr 22, 2018

Apple က iOS နဲ့ Mac OS ကိုပေါင်းမယ်ဆိုရင် developer တွေအနေနဲ့ iPhone, iPad, Macbook သုံးမျိုးလုံးမှာသုံးလို့ရမယ့် application ဗားရှင်းတစ်မျိုးထုတ်လို့ရမယ်လို့ bloomberg ကပြောခဲ့ဖူးပါတယ်။ ဒီ app က touch screen နဲ့ပဲဖြစ်ဖြစ်…

Leave a Comment

Most from this category