527 Shares 216 Views

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်

Sep 22, 2017
527 216

မကြာခင်ကပဲ Apple ဟာ ဖုန်း အစိတ်အပိုင်း ရရှိမှု အခက်အခဲများကြောင့် iPhone X ကို သတ်မှတ်ထားတဲ့ နေ့ရက်ထက် နောက်ကျပြီးမှ ရောင်းချနိုင်မယ်ဆိုတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း နောက်ထပ် သတင်းအရင်းအမြစ်တစ်ခုက လူအများစုဟာ ဒီနှစ်ထဲမှာ iPhone X ကို ၀ယ်ယူနိုင်မှာ မဟုတ်ဘူးလို့ တွက်ချက်လိုက်ပါတယ်။

Chip Analyst တစ်ဦး ဖြစ်သူ Christopher Caso က ဒီဟောကိန်းကို ကြေညာလိုက်ခြင်း ဖြစ်ပါတယ်။ iPhone X ရဲ့ အစိတ်အပိုင်းများကို ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီများနဲ့ စကားပြောပြီးနောက်မှာ သူက Apple ဟာ iPhone X ကို စတင်ထုတ်လုပ်ခြင်း မရှိသေးဘူးဆိုတာကို သိခဲ့ရပါတယ်။

သူက “ iPhone X ကို စတင် ထုတ်လုပ်ခြင်း မရှိသေးပါဘူး။ အောက်တိုဘာလလယ်လောက်မှသာ စတင် ထုတ်လုပ်မယ်လို့ မျှော်မှန်းရပါတယ်။ လွန်ခဲ့တဲ့ ၁ လလောက်က ခန့်မှန်းထားတဲ့ အချိန်ထက် ၁ လလောက် နောက်ကျသွားမှာ ဖြစ်ပါတယ်။ ဇွန်လကုန်က ခန့်မှန်းထားတာထက် ၂ လလောက်နောက်ကျသွားခြင်း ဖြစ်ပါတယ်။ “ လို့ ရေးသားထားပါတယ်။ အဲဒီအတွက် ၂၀၁၈ ခုနှစ် အစောပိုင်းမှာတောင် iPhone X ဟာ ရှားပါးနေဦးမှာ ဖြစ်ပါတယ်။

Apple က အောက်တိုဘာလ ၂၇ ရက်နေ့မှာ iPhone X ကို ကြိုတင်မှာယူခွင့် ပြုထားပြီး နိုဝင်ဘာလ ၃ ရက်နေ့မှာ ရောင်းချပေးမယ်လို့ ကြေညာထားခဲ့ခြင်း ဖြစ်ပါတယ်။

ref : theverge

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
177 shares54 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
260 shares55 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
118 shares48 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

Leave a Comment

Most from this category