0 Shares 56 Views

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap

Sep 22, 2017
0 56

စမတ်ဖုန်းများမှာ ကပ်ညိနေတဲ့ ရောဂါပိုးမွှားများဟာ အိမ်သာကထက်တောင် ပိုမိုများပြားတယ်ဆိုတဲ့ သုတေသနရလဒ်များစွာ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို အမြဲတမ်း သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေး ပြုလုပ်ဖို့အတွက် ဆပ်ပြာများ၊ ပေါင်ဒါအမှုန့်များကို အသုံးပြုခြင်းဟာ ဖုန်းကို ပျက်ဆီးစေပါတယ်။ အဲဒီအတွက် PhoneSoap အမည်ရ Case ကို ဖန်တီးလိုက်ကြပါတယ်။

သူ့မှာ ခရမ်းလွန်ရောင်ခြည် မီးအိမ် ၂ ခု ပါပြီး ရောင်ခြည်များဖြင့် ဘက်တီးရီးယားများကို သေစေခြင်း ဖြစ်ပါတယ်။ သူက ဓါတုဗေဒဆေးဝါးများ၊ ပိုးသတ်ဆေးများကို ခံနိုင်ရည်ရှိတဲ့ ဘက်တီးရီးယားများကိုတောင် သတ်ပေးနိုင်ပါတယ်။ သူက ဘက်တီးရီးယား အမျိုးအစား ၉၉.၉၉ ရာခိုင်နှုန်းကို ရှင်းလင်းပေးနိုင်ပါတယ်။

ဒါ့အပြင် သူ့ထဲမှာ ဖုန်းမှ ဘက်တီးရီးယားများကို သတ်ပေးနေစဉ်မှာ ဖုန်းကို အားဖြည့်ပေးနိုင်ပါတယ်။ အရွယ်အစားကြီးမားတဲ့ စမတ်ဖုန်းများကိုတောင် သူ့ထဲမှာ ထည့်သွင်း၍ အားသွင်းနိုင်ပါတယ်။ Android , iPhone အားလုံးကို ထောက်ပံ့ပါတယ်။ သူ့ရဲ့ အနောက်ဘက်မှာ Standard USB Port နဲ့ အားသွင်းပေါက် တပ်ဆင်ထားပါတယ်။ နောက်ဆုံးရောင်းချပေးထားတဲ့ iPhone 7 Plus ကိုတောင် အားသွင်းပေးနိုင်ပါတယ်။

ယခုခေတ်မှာ ကလေးငယ်များဟာ မိဘများရဲ့ စမတ်ဖုန်းများကို ကိုင်ဆောင် ကစားကြတဲ့အတွက် စမတ်ဖုန်းများကို အမြဲသန့်ရှင်းအောင် ပြုလုပ်ထားသင့်ပါတယ်။ အဲဒီပြဿနာကို PhoneSoap က တာဝန်ယူဖြေရှင်းပေးနိုင်ပါတယ်။ ဖုန်းအားသွင်းပြီးတာနဲ့ ဘက်တီးရီးယား ကင်းစင်တဲ့ သင့်ရဲ့ စမတ်ဖုန်းကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ref: mashable

You may be interested

LG TV ၂၀၁၉ မော်ဒယ်တွေမှာ Alexa ပါဝင်လာမည်
NEWS
0 shares0 views

LG TV ၂၀၁၉ မော်ဒယ်တွေမှာ Alexa ပါဝင်လာမည်

Nigma - May 26, 2019

၂၀၁၉ ခုနှစ်ထုတ် LG TV အားလုံးမှာ ယခုလကုန်ကစပြီး Alexa အသံထိန်းချုပ်မှုစနစ်ကို ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ မြောက်အမေရိကမှာ အရင် Update လုပ်ပေးမှာဖြစ်ပြီး၊ ဥရောပနဲ့ အာရှဘက်မှာတော့ စောင့်ရဦးမှာ ဖြစ်ပါတယ်။ LG TV တွေမှာ Amazon ရဲ့…

တရုတ်မှာ စက္ကန့် ၆၀ အတွင်း ဒေါ်လာ ၁၄၄ သန်းဖိုး ရောင်းချနိုင်ခဲ့တဲ့ OnePlus 7 Pro
Android, HUBS, Mobiles & Tablets
0 shares0 views

တရုတ်မှာ စက္ကန့် ၆၀ အတွင်း ဒေါ်လာ ၁၄၄ သန်းဖိုး ရောင်းချနိုင်ခဲ့တဲ့ OnePlus 7 Pro

Ko Thuya - May 26, 2019

OnePlus 7 Pro ဟာ အိန္ဒိယမှာ ရောင်းအား စံချိန်တင်ပြီးနောက်မှာ တရုတ်မှာ စက္ကန့် ၆၀ အတွင်း ဒေါ်လာ ၁၄၄ သန်းဖိုး ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်ရဲ့ အွန်လိုင်းစတိုး JingDong က သူ့ စတိုးမှာ ရောင်းအား…

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares9 views

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…

Leave a Comment

Most from this category