0 Shares 152 Views

ဆရာ့ဆရာ မန်နေဂျာ

Mar 04, 2016
0 152

တစ်ရက်တွင်လူတစ်ယောက် တိရိစ္ဆာန်နှင့် အကောင်ငယ်တွေ ရောင်းတဲ့ဆိုင်ကိုရောက်လာတယ်။ သူကဘာကောင်ဝယ်ရမလဲလို့ လိုက်ကြည့်နေတုန်း မျောက်တစ်ကောင်ကို တွေ့သွားတယ်။

အဲ့ဒီမျောက်မှာ ဈေးနှုန်းဒေါ်လာငါးထောင်လို့ကပ်ထားတော့ သူကရောင်းတဲ့သူကို သွားမေးတယ်။ “ဗျို့ ဆရာကြီး ဒီမျောက်ကဈေးကောင်းတာပဲ၊ ဈေးနဲ့တန်အောင် ဘာတွေများလုပ်တတ်လို့လဲဗျ”

ရောင်းတဲ့သူက “အင်း၊ သူကတော့ဗျာ Window 7,8,10 အကုန်သုံးတတ်တယ်ဗျ၊ Words တို့ဘာတို့နဲ့ တခြား ကွန်ပျူတာဂိမ်းတွေလည်း ကစားနိုင်သေးတယ်”

လာဝယ်တဲ့သူအံ့သြသွားပြီး “အတော်လာတဲ့မျောက်ပဲဗျ၊ ဒေါ်လာငါးထောင်လဲတန်ပါတယ်။”

တစ်ဖက်မှာ နောက်ထပ်မျောက်တစ်ကောင်တွေ့လိုက်ပြန်တယ်။ အဲ့ဒီမျောက်ကကျတော့ ဒေါ်လာတစ်သောင်းလို့ ကပ်ထားတယ်။ ခုနကလိုပဲ လှမ်းမေးတယ်။

ရောင်းတဲ့အဘိုးကြီးက “သူကတော့ နည်းနည်းပိုတော်တယ်။ ခုနကမျောက်တတ်တဲ့ဟာတွေအပြင် Linux တွေ၊ Photoshop တွေ၊ Autocud တွေလည်းတတ်တယ်ဗျ၊ ပြီးတော့ iPhone တွေ၊ iPad တွေတောင်သုံးတတ်သေးတယ်။”

ဒီတစ်ခါလည်းသူအံ့အားသင့်သွားပြန်တယ်။ “အိုး.. တော်တော်တော်တဲ့မျောက်ပါလား၊ အဲ့ဒါတွေ ကျွန်တော်တောင်မတတ်ဘူး”

နောက်ဆုံးမျောက်တစ်ကောင်မှာကျတော့ ဒေါ်လာနှစ်သောင်းလို့ရေးထားတယ်။ ခုနကလိုပဲ ဒီကောင်က ဒုတိယကောင်ထက် နှစ်ဆတောင်ဈေးကြီးသွားတယ်။ ဘာတွေများပိုပြီးတတ်လို့လဲ လို့မေးတော့ ဆိုင်ရှင်အဘိုးကြီးက “ဒီကောင်ဘာတွေလုပ်တယ်ဆိုတာတော့ ကျွန်တော်မသိဘူး၊ ဒါပေမယ့် ဟိုနှစ်ကောင်ကတော့ သူ့ကို မန်နေဂျာကြီးလို့တော့ အမြဲတမ်းခေါ်နေတာပဲဗျ”

Ref: UniJokes.com

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
222 shares68 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
260 shares55 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
118 shares48 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

Leave a Comment

Most from this category