133 Shares 45 Views

ခန္ဓာကိုယ်ဖြစ်စဉ်နဲ့ နှလုံးခုန်နှုန်းကို အမြဲမပြတ်စောင့်ကြည့်ပေးမယ့် Motiv Ring လက်စွပ်ထွက်ရှိ

Sep 22, 2017
133 45

ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေဟာ နည်းပညာနဲ့ တွဲဖက်ပြီး ဈေးကွက်ကို တိုးဝင်လာနေပါတယ်။

အခုထွက်ရှိလာတဲ့ Motiv Ring လက်စွပ်က ခန္ဓာကိုယ်ဖြစ်စဉ်တွေကို ခြေရာခံဖို့ လက်ချောင်းမှာဝတ်ဆင်ထားရုံနဲ့ လူ့လှုပ်ရှားမှုတိုင်းကို ကျန်းမာရေးနဲ့ ညီ မညီဆိုတဲ့ လုပ်ဆောင်ချက်တွေကို ပြသပေးမှာဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ နေ့စဉ်လှုပ်ရှားမှုပမာဏကို ပြသပေးမှာဖြစ်ပြီး မိနစ်တိုင်းကို မှတ်တမ်းတင်မှာ ဖြစ်လို့ နေ့စဉ် လိုအပ်တဲ့လှုပ်ရှားမှုနှုန်းကို သိနိုင်မှာဖြစ်ပါတယ်။ကယ်လိုရီလောင်ကျွမ်းမှုပမာဏကို တိုင်းတာပေးခြင်းနဲ့ လှုပ်ရှားနေချိန် နှလုံးရဲ့ ခုန်နှုန်း၊အနားယူနေချိန် နှလုံးခုန်နှုန်းတို့ကို ခြေရာခံပေးမယ့် လက်စွပ်ဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ လိုအပ်တဲ့အိပ်ချိန်နဲ့ အိပ်မောကျနေတဲ့အချိန်တွေကိုပါ မှတ်တမ်းယူပေးမှာဖြစ်ပါတယ်။Titanium နဲ့ ပြုလုပ်ပြီး ရေစိမ်ခံတဲ့အပြင် USB နှစ်ပေါက်ပါဝင်ပြီး သုံးရက်လောက်ဝတ်ဆင်ပြီးမှ တရက်လောက် အားပြန်လည်သွင်းရမှာဖြစ်ပါတယ်။

Motiv Ring လို့ခေါ်တဲ့ Smart Ring ဟာ မှော်ဆန်စွာ မိမိခန္ဓာဖြစ်စဉ်တွေကို စောင့်ကြည့်သူဖြစ်လာတာ နည်းပညာတိုးတက်မှုတခုပါပဲ။

Smart Phone နဲ့လွယ်ကူစွာ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။Motiv Ring ဝတ်ဆင်ထားချိန်မှာ နှလုံးခုန်နှုန်းအလိုက် spotlight တွေက အလင်းနဲ့ ပြသပေးမှာဖြစ်ပါတယ်။လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်သူတွေနဲ့ ကျန်းမာရေးလိုက်စားသူများအတွက် နည်းပညာအပထောက်အကူပြု ပစ္စည်းတခုလို့ ပြောလို့ရပါတယ်။

ဈေးနှုန်းအားဖြင့် $ 200 ဖြစ်ပြီး မြန်မာနိုင်ငံကို ရောက်ရှိလို့ ဝယ်ယူမယ်ဆိုရင် မြန်မာကျပ်ငွေ 270000 နီးပါးကျသင့်မှာဖြစ်ပါတယ်။

ref;gizmodo

 

You may be interested

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ

Ko Thuya - Mar 26, 2019

သင့်ရဲ့ Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်ချင်ရင် ချိတ်ဆက်နည်းများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းကို စမတ်တီဗီများနဲ့သာ ၀ိုင်ဖိုင်ဆက်သွယ်မှုကနေ ကြိုးမဲ့ ချိတ်ဆက်နိုင်တာ မဟုတ်ဘဲ သာမာန်တီဗီများနဲ့လည်း ကြိုးမဲ့ သို့မဟုတ် ကြိုးဖြင့် ချိတ်ဆက်နည်းများ ရှိပါတယ်။ WiFi…

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား
Mobiles & Tablets, NEWS
9 shares3 views

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား

Nigma - Mar 26, 2019

မိုဘိုင်းနည်းပညာရဲ့ နောက်ထပ် ဆန်းသစ်မှုတခုကတာ့ ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆည် Foldable ဖုန်းဆိုလို့ Samsung နဲ့ Huawei တို့ပဲ ကောင်းကောင်း ရှိပါတယ်။ မကြာမီအချိန်အတွင်း Xiaomi, Lenovo, Motorola စတဲ့ ကုမ္ပဏီတွေလည်း…

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei
Android, Apple, Huawei
39 shares36 views

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei

Ko Thuya - Mar 26, 2019

Apple က မနေ့က ၀န်ဆောင်မှု အသစ်များကို မနေ့ကပဲ ကြေညာလိုက်ပါတယ်။ ဟွာဝေးက ဒီနေ့မှာ P30 Series များကို မိတ်ဆက်တော့မှာပါ။ သူတို့ရဲ့ မိတ်ဆက်ပွဲများက အချိန်တိုက်ဆိုင်သွားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး Huawei Ireland က Apple ကို…

Leave a Comment

Most from this category