409 Shares 218 Views

ဟက်ကာများက Find My iPhone ဖြင့် Macs များကို Lock လုပ်၍ ငွေညှစ်နေ

Sep 22, 2017
409 218

Mac Users များစွာဟာ သူတို့ရဲ့ ကွန်ပြူတာများ အလိုအလျှောက် Lock ဖြစ်သွားတဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်။ ဟက်ကာများက သူတို့ရဲ့ iCloud အကောင့်များထဲကို ၀င်ရောက်ပြီး Find My iPhone ကနေ Remote Lock ပြုလုပ်ခဲ့ကြလို့ ဖြစ်ပါတယ်။

ဟက်ကာများက Two-Factor Authentication ခံထားတဲ့ အကောင့်များကိုတောင် ဟက်နိုင်ပြီး Mac ကို Lock လုပ်နိုင်ကြတယ်လို့ သိရပါတယ်။ ဟက်ခံလိုက်ရတဲ့ Users များဟာ သူတို့ရဲ့ Mac များကို Unlock လုပ်ဖို့ Passcode ကို လိုချင်ရင် ငွေပေးပို့ပေးဖို့ တောင်းဆိုတဲ့ Messages များကို ရရှိခဲ့ကြပါတယ်။

ဟက်ခံလိုက်ရတဲ့ Users များဟာ အွန်လိုင်းအကောင့်များစွာအတွက် တူညီတဲ့ Username, Password များကို အသုံးပြုတဲ့ လူများဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ဟက်ကာများက လွယ်ကူစွာ ဟက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအန္တရာယ်ကနေ ကာကွယ်ဖို့အတွက် Apple Users များဟာ သူတို့ရဲ့ Apple ID Passwords များကို ပြောင်းလဲသင့်ပြီး Two-Factor Authentication ကို Enable လုပ်ထားသင့်ပါတယ်။ ဒါ့အပြင် မတူညီတဲ့ Passwords များကို အသုံးပြုသင့်ပါတယ်။

LastPass, 1Password နဲ့ Apple iCloud Keychain တို့လို Password Manager များဟာ အားကောင်းတဲ့ Password များကို ဖန်တီးပေးနိုင်ပြီး မှတ်သားပေးထားနိုင်ပါတယ်။ Macs များ Lock လုပ်ခြင်းခံရသူများဟာ Find My iPhone Lock ကို ဖယ်ရှားဖို့ Apple Support ကို ဆက်သွယ်ရမှာပါ။

ref : macrumors

You may be interested

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်

Ko Thuya - Jan 16, 2019

ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

Leave a Comment

Most from this category