213 Shares 120 Views

Meizu က M6 Note One Piece Special Edition ကို မိတ်ဆက်

Sep 22, 2017
213 120

Meizu က သြဂုတ်လမှ M6 Note ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ အထူးထုတ် မော်ဒယ်ကို ကြေညာလိုက်ပါပြီ။ Meizu M6 One Piece Special Edition လို့ အမည်ပေးထားပြီး ဂျပန်ကာတွန်းကားများရဲ့ Theme ကို အသုံးပြုထားပါတယ်။ အရှေ့ဘက်မှာ အနက်ရောင်ဖြစ်ပြီး အနောက်ဘက်မှာ အနီရောင် ဖြစ်ပါတယ်။ အ၀ါရောင်လိုင်းများကို အနောက်ဘက်မှာ ရေးဆွဲထားပါတယ်။ Wallpapers, Icons, Widgets များ အပါအ၀င် သူ့မှာ ဂျပန် ကာတွန်းစီးရီး တစ်ခု ဖြစ်တဲ့ One Piece Theme ကို အခြေပြု ဖန်တီးထားတဲ့ UI ပါပါတယ်။ One Piece ရဲ့ Fans များအနေဖြင့် ဒီဖုန်းကို နှစ်သက်ကြမှာ ဖြစ်ပါတယ်။

Specifications အပိုင်းမှာ အထူးထုတ် မော်ဒယ်ဟာ မူလ မော်ဒယ်နဲ့ တူညီပါတယ်။ Meizu M6 Note မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ Snapdragon 625 SoC မောင်းနှင်မှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 12MP+5MP Dual Cameras နဲ့ အရှေ့ဘက်မှာ 16MP Camera တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာများက Bokeh Effect ကို ဖန်တီးပေးနိုင်ပါတယ်။ ဘက်ထရီကတော့ 4000mAh ဖြစ်ပါတယ်။ Home Button အောက်မှာ Fingerprint Scanner ပါပါတယ်။

အထူးထုတ် မော်ဒယ်ကို ယခုလ ၂၅ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ 3GB RAM/32GB Storage ကို ၂၅၇ ဒေါ်လာ၊ 4GB RAM/64GB Storage ကို ၃၆၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ အားဖြင့် ၃၅၀ ၀၀၀ နဲ့ ၄၉၀ ၀၀၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။

ref : gsmarena

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
177 shares54 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
260 shares55 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
118 shares48 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

Leave a Comment

Most from this category