0 Shares 367 Views

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း

Sep 21, 2017
0 367

ဒီနေ့ခေတ်မှာ iPhone ၀ယ်ဖို့ အတွက် ရွေးချယ်စရာများစွာ ရှိပါတယ်။ ၃၅၀ ဒေါ်လာတန် iPhone SE ကနေ ဒေါ်လာ ၁၀၀၀ တန် iPhone X အထိ အစားစား ရှိပါတယ်။ ဘယ်ဖုန်းဟာ သင်နဲ့ သင့်တော်သလဲဆိုတာတော့ မသိပါဘူး။ သေချာတာကတော့ iPhone 7 ကို လက်ရှိ ကိုင်ဆောင်နေသူများဟာ iPhone 8 ကို မ၀ယ်ယူသင့်ပါဘူး။

iPhone 8 ဟာ ယခင်နှစ်ထုတ် iPhone 7 နဲ့ အားလုံးနီးပါး တူညီပါတယ်။ iPhone 8 ကို အနည်းငယ်သာ အဆင့်မြှင့်ထားပါတယ်။ iPhone 8 ဟာ iPhone 7 ထက် စွမ်းရည် ပိုကောင်းလာတာက ငြင်းမရပါဘူး။ ဒါပေမယ့် ဒေါ်လာ ရာဂဏန်းပေးပြီး iPhone 8 ကို ပြောင်းကိုင်ဖို့ မတန်ပါဘူး။

Processor ကနေ စပြောချင်ပါတယ်။ iPhone 8 မှာ Apple ဖန်တီးခဲ့ဖူးသမျှထဲမှာ အမြန်ဆုံး A11 Bionic Processor တပ်ဆင်ထားပါတယ်။ သူ့မှာ စွမ်းဆောင်ရည်မြင့် Core ၂ လုံးနဲ့ စွမ်းအင်စားသုံးမှု နည်းပါးတဲ့ Core ၄ လုံးပါပါတယ်။ အားလုံးပေါင်း Core ၆ လုံးပါ။

စွမ်းဆောင်ရည်မြင့် Cores များဟာ ယခင် မော်ဒယ်ထက် ၂၅ ရာခိုင်နှုန်းနဲ့ စွမ်းအင်စားသုံးမှုနည်းပါးတဲ့ Cores များဟာ ယခင် မော်ဒယ်ထက် ၇၀ ရာခိုင်နှုန်း ပိုမိုမြန်လာတယ်လို့ Apple က ပြောပါတယ်။

ဒါပေမယ့် တကယ် စဉ်းစားရမှာက သင့် iPhone 7 ဟာ Processor ကြောင့် နှေးကွေးခြင်း၊ လေးလံခြင်းများဖြစ်ဖူးသလားဆိုတာပါပဲ။ ဒီလိုဖြစ်မယ်လို့တော့ စာရေးသူ မထင်မိပါဘူး။ ဘာကြောင့်လဲဆိုတော့ iPhone 7 ဟာ Facebook, Instagram , Snapchat နဲ့ App တိုင်းကို ကောင်းစွာ Run နိုင်လောက်အောင် စွမ်းရည်မြင့်မားတဲ့ ဖုန်း ဖြစ်နေလို့ပါပဲ။

နောက်ထပ်ဆွေးနွေးချင်တာက ကင်မရာ ဖြစ်ပါတယ်။ iPhone 8 နဲ့ iPhone 8 Plus တို့မှာ ကင်မရာ အသစ်များ တပ်ဆင်ထားတဲ့အတွက် သီအိုရီအရ ပိုမိုကောင်းတဲ့ ဓါတ်ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။

ဒါပေမယ့် တကယ် စဉ်းစားရမှာက iPhone 7 ဖြင့် ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ပုံဟာ ညံဖျင်းတယ်လို့ သင်ခံစားရဖူးပါသလား ဆိုတာဖြစ်ပါတယ်။ iPhone 7 ရဲ့ကင်မရာဟာ iPhone 8 နီးပါး ကောင်းမွန်တဲ့ ဓါတ်ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။ ပြောချင်တာကတော့ iPhone 7 နဲ့ iPhone 8 ရဲ့ ကင်မရာ အရည်အသွေးဟာ အလွန် ကွာခြားခြင်း မရှိဘူးဆိုတာပါပဲ။

သင်ဟာ ငွေကြေး တတ်နိုင်သူဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ ကင်မရာနဲ့ Processor များပါတဲ့ iPhone 8 ကို ၀ယ်ယူပါ။ အခြားလူများအတွက်တော့ တန်ဖိုးအနည်းဆုံး iPhone 8 မော်ဒယ်ရဲ့ ဒေါ်လာ ၇၀၀ ဈေးနှုန်းဟာ မတန်ဘူးလို့ ပြောချင်ပါတယ်။

Apple က ဒီနှစ်ထုတ် iPhone များထဲမှာ iPhone X ကို အဓိက ဦးစားပေးပြီး ဖန်တီးထားပါတယ်။ iPhone 8 , iPhone 8 Plus တို့ကိုတော့ အနည်းငယ်သာ အဆင့်မြှင့်ထားပါတယ်။ အဲဒီအတွက် iPhone 7 ပိုင်ရှင်များဟာ iPhone အသစ်လဲချင်ရင် iPhone 8 , iPhone 8 Plus များအစား iPhone X ကိုသာ ရွေးချယ်သင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။

ref : mashable

You may be interested

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

Leave a Comment

Most from this category