197 Shares 191 Views

iOS 11 ရဲ့ အကောင်းဆုံး Features များ

Sep 21, 2017
197 191

Apple က iOS 11 ကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးလိုက်ပါပြီ။ အဲဒီအတွက် iOS 11 ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။

Control Center ကို Customize ပြုလုပ်ခြင်း။

iOS 10 ရဲ့ Control Center မှာ Panels ၂ ခု ရှိတဲ့အတွက် အသံထိန်းချုပ်ခလုတ်များကို အသုံးပြုဖို့ ဒုတိယ Panel ကို သွားရပါတယ်။ iOS 11 မှာတော့ Panel တစ်ခုထဲကနေ အားလုံးကို အသုံးပြုနိုင်ပြီး 3D Touch ကို ပိုမို အသုံးချလာနိုင်ပါတယ်။ ဒါ့အပြင် Control Center မှာ ထားရှိချင်တဲ့ ခလုတ်များကိုလည်း ရွေးချယ်လာနိုင်ပါပြီ။

Live Photo Effects အသစ်များ

iOS 11 မှာ Live Photos များ ရိုက်ကူးပြီးနောက် Effects များထည့်သွင်းနိုင်ပါတယ်။ သင့်ရဲ့ Camera Roll မှ Live Photo ကို ရှာဖွေပြီး Swipe လုပ်ပေးပါ။ ဒါဆိုရင် Looping Effect , Bounce Back and Forth စတဲ့ Effects များ ထည့်သွင်းနိုင်ပါတယ်။

iPad မှာ Drag and Drop ပြုလုပ်ခြင်း။

iOS 11 ဟာ iPad အတွက် Multitasking စွမ်းဆောင်ချက် အသစ်များ ယူဆောင်လာပါတယ်။ အခုဆိုရင် ဘေးချင်းယှဉ်လျှက် ဖွင့်ထားတဲ့ Apps များအကြးမှာ ဓါတ်ပုံများ၊ လင့်များ၊ ဖိုင်များကို Drag and Drop ပြုလုပ်နိုင်ပါပြီ။ Split View မှာသာမက Side Bar Mode မှာ ဒီစွမ်းဆောင်ချက်ကို သုံးနိုင်ပါတယ်။

Screenshots များကို Markup ပြုလုပ်ခြင်း။

iOS 11 မှာ စကရင်ရှော့ ရိုက်ပြီးတိုင်း ဘယ်ဘက်အောက်ခြေမှာ Floating အနေဖြင့် ပုံကို ပြသပေးထားမှာ ဖြစ်ပါတယ်။ အဲဒီပုံကို တစ်ချက်နှိပ်ပြီး Markup ပြုလုပ်နိုင်ပါတယ်။ သင့် လက်ချောင်းဖြင့် စာများရေးသားနိုင်ပါတယ်။ iPad Pro ကို အသုံးပြုသူများအတွက် Apple Pencil ဖြင့်လည်း စာရေးသားနိုင်ပါတယ်။

Do Not Disturb While Driving

iOS 11 မှာ ဒီ စွမ်းဆောင်ချက်က လူ့အသက်များကို ကယ်တင်ပေးနိုင်ပါတယ်။ ကားမောင်းနေစဉ်မှာ သူက စကရင်ကို အမှောင်ချပေးထားမှာပါ။ သူ့ကို Control Center ကနေ Activate လုပ်နိုင်ပါတယ်။ ကားရဲ့ Bluetooth နဲ့ CarPlay ဖြင့် ချိတ်ဆက်မိရင် အလိုအလျှောက် Activate လုပ်ပေးအောင်လည်း သတ်မှတ်ထားနိုင်ပါတယ်။ ကားမောင်းနေစဉ် စာဝင်လာရင်လည်း အလိုအလျှောက် စာပြန်အောင် ပြုလုပ်ထားနိုင်ပါတယ်။

Notes မှ Document Scanner

Third Party App များ မလိုအပ်တော့ဘဲ iOS 11 ရဲ့ Notes မှာ Document Scanner ပါလာပါတယ်။ Notes App ကနေ + Sign ကို နှိပ်ရင် Document Scanner ကို သုံးနိုင်ပါတယ်။ တစ်ပြိုင်နက်တည်း Documents များစွာကို Scan လုပ်နိုင်ပြီး Filters များလည်း ထည့်သွင်းနိုင်ပါတယ်။ Scan ပြုလုပ်ထားတဲ့ စာရက်စာတမ်းများကို Notes မှာ သိမ်းဆည်းနိုင်ပြီး PDF ဖိုင်အဖြစ်လည်း ဖန်တီးနိုင်ပါတယ်။

လက်ရေးမှတ်စုများကို ရှာဖွေခြင်း။

iOS 11 ရဲ့ Notes မှာ အလွန်ကောင်းတဲ့ စွမ်းဆောင်ချက် အသစ်ပါလာပါတယ်။ အဲဒါကတော့ လက်ရေးဖြင့် ရေးသားထားတဲ့ မှတ်စုများကို ရှာဖွေနိုင်ခြင်း ဖြစ်ပါတယ်။ လက်ချောင်းများ၊ Apple Pencil များဖြင့် မှတ်စုများ ရေးသားသူများအတွက် အဆင်ပြေပါတယ်။

One-Handed Keyboard

iOS 11 မှာ ဆော့ဖ်ဝဲကီးဘုတ်ရဲ့ စွမ်းရည်များ အသစ်ပါလာပါတယ်။ iPhone မှာ Emoji Key ကိုဖိထားရင် One-Handed Mode ကို သုံးနိုင်ပါတယ်။ ဒါဆိုရင် ကီးဘုတ်ဟာ စကရင်ရဲ့ ဘယ် သို့မဟုတ် ညာဘက်သို့ ကပ်ပေးမှာ ဖြစ်ပြီး လက်တစ်ဖက်ထဲနဲ့ အသုံးပြုနိုင်ပါတယ်။ Settings ထဲမှာ One-Handed Mode ကို Default အနေဖြင့် သတ်မှတ်နိုင်ပါတယ်။

Screen Recording

iOS 11 မှာ Screen Recording ပါလာပါပြီ။ Control Center ကနေ သူ့ကို အသုံးပြုနိုင်ပါတယ်။

Instant Siri Translations

ဘာသာခြားတစ်ယောက်နဲ့ စကားပြောနေစဉ်မှာ ဒီစွမ်းဆောင်ချက်က အသုံးဝင်ပါတယ်။ Siri က သင်ပြောသမျှစကားတိုင်းကို အခြားဘာသာစကားသို့ အချိန်နဲ့တစ်ပြေးညီ ဘာသာပြန်ပေးနိုင်ပါတယ်။ သူ့ကို အသုံးပြုဖို့ အင်တာနက် လိုအပ်ပါတယ်။

ref : macworld

You may be interested

မျက်နှာပြင် အရွယ်အစား လိမ်လည်ရောင်းချတယ်ဆိုပြီး တရားစွဲခံလိုက်ရတဲ့ Apple
Apple, HUBS, Mobiles & Tablets
0 shares0 views

မျက်နှာပြင် အရွယ်အစား လိမ်လည်ရောင်းချတယ်ဆိုပြီး တရားစွဲခံလိုက်ရတဲ့ Apple

Ko Thuya - Dec 17, 2018

Apple User ၂ ဦးက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ သောကြာနေ့က ကုမ္ပဏီကို တရားစွဲလိုက်ပါတယ်။ Apple ဟာ iPhone X, XS, XS Max များကို ကြေညာရာမှာ မျက်နှာပြင် အရွယ်အစားများကို မှားယွင်းစွာ ဖော်ပြထားတယ်လို့ တိုင်ကြားထားပါတယ်။…

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen
NEWS, Softwares & Application
23 shares18 views

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen

Nigma - Dec 16, 2018

(Zawgyi) လက်ကိုင်ဂိမ်းစက်နဲ့ Comics ဖတ်ချင်တဲ့လူတွေအတွက် InkyPen ရဲ့ လစဉ်ကြေးသွင်း Comics ဝန်ဆောင်မှုကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။ Nintendo Switch မှာ စတင် ရရှိမယ့် Subscription ဝန်ဆောင်မှု ဖြစ်ပြီး၊ Indie comics…

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်
ASUS, Mobiles & Tablets, NEWS
457 shares180 views

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်

Nigma - Dec 16, 2018

(Zawgyi) ASUS ဟာ မော်ဒယ်သစ် Zenfone Max M2 နဲ့ Zenfone Max Pro M2 စမတ်ဖုန်းတွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Zenfone Max M2 Series နဲ့အတူ နိုင်ငံတကာဈေးကွက်မှာ…

Leave a Comment

Most from this category