0 Shares 70 Views

၂၀၁၈ ခုနှစ်ထုတ် iPhone အားလုံးမှာ Face ID ပါမည်

Sep 21, 2017
0 70

KGI Securities က ၂၀၁၈ ခုနှစ်ထုတ် iPhone များအားလုံးမှာ မျက်နှာခွဲခြမ်းစိတ်ဖြာတဲ့ Face ID နည်းပညာထည့်သွင်းထားမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ KGI Securities မှ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က မျက်နှာပြင်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို မြှပ်နှံတဲ့ နည်းပညာဟာ Apple အတွက် စိန်ခေါ်မှုများ ရှိနေသေးတဲ့အတွက် Face ID ကိုသာ ပိုပြီး အလေးပေးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

ယခုနှစ်နှောင်းပိုင်းမှာ ရောင်းချမယ့် iPhone X ရဲ့ Face ID ကို လူတွေ သဘောကျကြမယ်ဆိုရင် Apple ဟာ နောက်ထုတ်မယ့် iPhone အားလုံးမှာ TrueDepth Front-Facing Camera နဲ့ Face ID ကို ထည့်သွင်းပေးမယ့်ပုံပေါ်ပါတယ်လို့ သူက ပြောပါတယ်။ TrueDepth Camera က ထူးခြားဆန်းသစ်တဲ့ အလုပ်များစွာကို ဖန်တီးပေးနိုင်ပြီး အဲဒီအထဲမှာ လက်ရှိမှာတော့ Face ID က အကောင်းဆုံးဖြစ်နေပါတယ်။

ဒီနှစ်မှာ ရောင်းချမယ့် iPhone များထဲမှာ Face ID ကို iPhone X တစ်လုံးထဲမှာသာ ထည့်သွင်းပေးထားပြီး iPhone 8 နဲ့ iPhone 8 Plus တို့မှာ ထည့်သွင်းပေးထားခြင်း မရှိပါဘူး။ Apple ဟာ ယခုနှစ် စမတ်ဖုန်းဒီဇိုင်း Trend ဖြစ်တဲ့ Full Screen Display ကို iPhone X မှာ ထည့်သွင်းထားတဲ့အတွက် Home Button နဲ့ Fingerprint Scanner ကို ဖယ်ရှားခဲ့ရပါတယ်။ အဲဒီအတွက် Touch ID ကို အသုံးပြုလို့မရတော့ဘဲ Face ID ကိုသာ မှီခိုရခြင်း ဖြစ်ပါတယ်။ Full Screen Display ကို သုံးမယ်ဆိုရင်တော့ Fingerprint Scanner ကို Display အောက်မှာ မြှပ်နှံနိုင်မယ့် နည်းပညာကို ဖန်တီးရမှာ ဖြစ်ပါတယ်။

ref : 9to5mac

You may be interested

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares0 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares94 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်
NEWS
0 shares10 views

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်

Nigma - May 25, 2019

တရုတ်နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Lenovo က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးရလဒ်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Lenovo အတွက် မျှော်မှန်းထားတာထက်ကို အခြေအနေကောင်းတဲ့ ဘဏ္ဍာရေးနှစ်လို့ ဆိုရမှာပါ။ Intelligent Transformation လို့ အမည်ပေးထားတဲ့ စီးပွားရေးဗျူဟာနဲ့ လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည် ကောင်းမွန်မှုတို့ကြောင့် ကုမ္ပဏီအနေနဲ့ စံချိန်တင်ဝင်ငွေ ရရှိခဲ့တာ…

Leave a Comment

Most from this category