270 Shares 197 Views

Octa-Core Processor , 13MP Rear Camera ပါတဲ့ ၁၅၀ ၀၀၀ ကျပ်တန် Meizu M6

Sep 21, 2017
270 197

Meizu က တရုတ်မှာ တန်ဖိုးနည်း M6 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ တန်ဖိုးနည်းပေမယ့် Octa-Core MediaTek MT6750 SoC, 13MP Rear Camera များ တပ်ဆင်ထားပါတယ်။ M6 မှာ ၅.၂ လက်မ HD Display ပါပါတယ်။

M6 ရဲ့ အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 8MP Camera များ တပ်ဆင်ထားပါတယ်။ Android 7.0 Nougat ကို Flyme 6.0 UI နဲ့ ပေါင်းစပ်ထားပါတယ်။ 3070mAh Battery ပါပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 148.2×72.8×8.3mm ဖြစ်ပြီး ၁၄၃ ဂရမ် အလေးချိန်ရှိပါတယ်။ အရှေ့ဘက်မှာ လက်ဗွေ
ရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပြီး ၀.၂ စက္ကန့်အတွင်းမှာ ဖုန်းကို Unlock လုပ်နိုင်ပါတယ်။ Moonlight Silver, Champagne Gold , Matte Black, Electric Light Blue အရောင်များ ရွေးချယ်နိုင်ပါတယ်။

M6 အတွက် 2GB RAM/16GB Storage နဲ့ 3GB RAM/32GB Storage များ ရွေးချယ်နိုင်ပါတယ်။ ပလတ်စတစ်ကိုယ်ထည်ဖြင့် တည်ဆောက်ထားပေမယ့် သတ္တုဖရိမ်များ တပ်ဆင်ထားပါတယ်။ 128GB အထိ ၀င်ဆန့်တဲ့ microSD Card ကို အသုံးပြုနိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁၀၅ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ အားဖြင့် ၁၅၀ ၀၀၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့မှာ တရုတ်မှာ စတင်ရောင်းချပေးမှာ ဖြစ်ပါတယ်။

ref : gsmarena

You may be interested

Xiaomi Black Shark 2 ကို ကြေညာမယ့် ရက်ကို သိရပြီ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Black Shark 2 ကို ကြေညာမယ့် ရက်ကို သိရပြီ

Ko Thuya - Oct 16, 2018

Xiaomi Black Shark 2 ရဲ့ Teaser တစ်ခု ထွက်ပေါ်လာပါတယ်။ ပိုစတာမှာ အောက်တိုဘာလ ၂၃ ရက်လို့ ရေးသားထားတဲ့ အတွက် ဒီဖုန်းကို အဲနေ့မှာ ကြေညာနိုင်ပါတယ်။ ပိုစတာမှာ တရုတ်လို ရေးသားထားတဲ့အတွက် အဲဒီမှာ ကြေညာနိုင်ပါတယ်။ ရှောင်မီကတော့…

Dell က ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ကို ပြသ
Dell, HUBS, NEWS
0 shares6 views

Dell က ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ကို ပြသ

Ko Thuya - Oct 16, 2018

Dell UltraSharp U4919DW ဟာ ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ဖြစ်လာပါတယ်။ ဈေးကွက်ထဲမှ အခြား Ultra-wide Display များဟာ Full HD Resolution သာ ရှိပါတယ်။ ဒါ့အပြင်…

၂၀၁၉ ခုနှစ်မှာ အာကာသကို ခရီးသည် ပို့ဆောင်ပေးမယ့် Jeff Bezos
NEWS, Tech Update
0 shares6 views

၂၀၁၉ ခုနှစ်မှာ အာကာသကို ခရီးသည် ပို့ဆောင်ပေးမယ့် Jeff Bezos

Ko Thuya - Oct 16, 2018

Amazon CEO Jeff Bezos က ကုန်ပစ္စည်းများ ရောင်းချတဲ့ လုပ်ငန်း အပြင် Blue Origin အမည်ရ အာကာသ နည်းပညာ ကုမ္ပဏီကိုပါ တည်ထောင်ထားပါတယ်။ ဒီကုမ္ပဏီဟာ သူ့အတွက် အရေးအကြီးဆုံးလို့တောင် သူက ပြောပါတယ်။ သူက အာကာသ…

Leave a Comment

Most from this category