0 Shares 714 Views

ပထမရောင်းချတဲ့ ရက်မှာတင် အလုံးရေလေးသန်းရောင်းချခဲ့ရတဲ့ Mi 5

Mar 04, 2016
0 714

Xiaomi ရဲ့ Mi 5 ဟာ အရင်ကတည်းက ကြိုတင်ပြီး ခေတ်စားခဲ့တဲ့အတိုင်း သူတို့ရဲ့ အဓိကစမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Mi 5 ကို တရုတ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ပထမအကြိမ်စတင်ရောင်းချမှုမှာတင် အလုံးရေ လေးသန်းကို ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

Xiaomi ဟာ Mi 5 ကိုပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ရက်နေ့က ကမ္ဘာ့မိုဘိုင်းလ်ကွန်ဂရက် မှာထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်က Mi 4 ကိုထုတ်လုပ်အောင်မြင်ခဲ့တဲ့ Xiaomi ဟာ Mi 5 ကို အဆင့်မြှင့်တင်မှုတွေပြုလုပ်ပြီး ထပ်မံထုတ်လုပ်လာခဲ့တာဖြစ်ပါတယ်။ Mi 5 မှာ 3GB ရှိတဲ့ Internal RAM နဲ့ Snapdragon 820 SoC Processor တို့ ပါဝင်ပြီး မှာယူမှုကလည်း ၁၆.၈ သန်းရှိခဲ့တာပါ။

တရုတ်ကထွက်ရှိခဲ့တဲ့ သတင်းတွေအရ Xiaomi ဟာ အလုံးရေလေးသန်းကို ပထမဆုံးရောင်းချတဲ့ အသုတ်မှာတင် ရောင်းချခဲ့ရတာဖြစ်ပြီး အချိန်အတိုင်းအတာကတော့ ဗုဒ္ဓဟူးနေ့ကနေစတင်ခဲ့တာပါ။ ဒါပေမယ့် နောက်ထပ်ထွက်လာတဲ့ သတင်းတွေအရတော့ Xiaomi ဟာ သုံးစွဲသူတွေဆီကနေ အလွန်ပေါများတဲ့ ဝယ်လိုအားကိုတော့ မမျှော်မှန်းထားဘူးလို့ သိရပါတယ်။ တရုတ်ကုမ္ပဏီကြီးဟာ ထုတ်ကုန်တွေကို တိုးမြှင့်ထုတ်လုပ်ဖို့အတွက် Foxconn Manufacturing နဲ့ စာချုပ်သစ်ထပ်မံ ချုပ်ဆိုမယ်လို့ သိရပါတယ်။

Mi 5 ဖုန်းတွေကို အမျိုးအစား သုံးမျိုးခွဲခြားထားပြီး ဒေါ်လာသုံးရာဝန်းကျင်ကနေ ဒေါ်လာ ငါးရာထိရှိနိုင်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုတော့ မတ်လ ပထမအပတ်ထဲမှာ စတင်ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။

Ref: Gadgets360

You may be interested

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera
Camera, NEWS
211 shares26 views

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera

Ko Thuya - Nov 22, 2017

Casio က အကြမ်းခံတဲ့ Action Camera အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ကင်မရာဟာ ကုမ္ပဏီရဲ့ နာမည်ကျော် G-Shock Brand နဲ့ ပုံသဏ္ဍာန် ဆင်တူပါတယ်။ သူ့ရဲ့ အမည်ကတော့ G’z Eye GZE-1 ဖြစ်ပြီး အဲဒီအမည်ဟာ Casio…

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်
Android, FEATURES, HUBS
258 shares78 views

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်

Ko Thuya - Nov 22, 2017

OnePlus က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် 5T စမတ်ဖုန်းကို မိတ်ဆက်ပြီး တစ်ပတ်အကြာမှာပဲ အချို့နိုင်ငံများမှာ ရောင်းချပေးလိုက်ပါပြီ။ သူ့ရဲ့ နာမည်ကျော် OnePlus 5 ကို ရောင်းချအပြီး ငါးလအကြာမှာ 5T ကို ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ OnePlus ဟာ…

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ
NEWS, Softwares & Application
352 shares576 views

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ

Nwe Oo - Nov 22, 2017

အရင်က Facebook Messenger မှာ ပုံတွေပို့လိုက်တယ်ဆိုရင် ပုံတွေရဲ့ဖိုင်ဆိုဒ်ပမာဏကို ချုံ့ပြီးမှပို့တာကြောင့် မူလ resolution အတိုင်းမရဘဲ ဝါးသွားတာမျိုးတွေရှိပါတယ်။ အခုတော့ Facebook Messenger မှာ ပို့လိုက်တဲ့ resolution အတိုင်း ရနိုင်ပြီဖြစ်ပါတယ်။ ဘယ်လိုကွာသွားသလဲဆိုတာကို ပုံလေးတွေမှာကြည့်လိုက်ရအောင် အရင်တုန်းက Facebook…

Leave a Comment

Most from this category