245 Shares 147 Views

စမတ်ဖုန်းများအတွက် ကမ္ဘာ့ ပထမဆုံး ကြိုးမဲ့အားသွင်းစက်

Sep 20, 2017
245 147

ကြိုးမဲ့အားသွင်းနည်းပညာများကို Android Phone များအတွက် ဖန်တီးပေးခဲ့ကြတာ နှစ်များစွာ ကြာပါပြီ။ မကြာခင်က မိတ်ဆက်ခဲ့တဲ့ iPhone X နဲ့ iPhone 8 များမှာလည်း ဒီနည်းပညာ ပါလာပါပြီ။ ဒါပေမယ့် ကြိုးမဲ့အားသွင်းတဲ့ အခါမှာ စမတ်ဖုန်းများကို Charging Pad အပေါ်ကို တင်ထားရပါတယ်။ အဲဒီနည်းလမ်းဟာ တကယ့် ကြိုးမဲ့အားသွင်းနည်းပညာ မဟုတ်ဘူးလို့ Pi အမည်ရ ကုမ္ပဏီက ဆိုပါတယ်။

Pi က ဖုန်းငါးလုံးအထိကို တစ်ပေအကွာကနေ ကြိုးမဲ့ အားသွင်းပေးနိုင်တဲ့ Pi Charger ကို ဖန်တီးလိုက်ပါတယ်။ Pi Charger မှာ စမတ်ဖုန်းနယ်ပယ်ရဲ့ စံနှုန်းဖြစ်တဲ့ Qi Chargers နည်းပညာကိုပဲ အသုံးပြုထားပါတယ်။ ဒါပေမယ့် ဆော့ဖ်ဝဲကြောင့် ဝေးကွာတဲ့ တည်နေရာမှ စမတ်ဖုန်းများကို အားသွင်းပေးနိုင်ပါတယ်။

သူ့ရဲ့ Algorithm ကြောင့် Pi Charger ဟာ ဖုန်းရဲ့ တည်နေရာကို အာရုံခံနိုင်ပြီး လျှပ်စစ်သံလိုက်လှိုင်းများကို စေလွှတ်ခြင်းဖြင့် အားသွင်းပေးနိုင်ပါတယ်။ သူတို့ရဲ့ နည်းပညာဟာ တကယ်ကို အလုပ်ဖြစ်ပါတယ်။ ထူးခြားဆန်းသစ်တဲ့ နည်းပညာများကို ပြသတဲ့ TechCrunch Disrupt San Francisco ပွဲမှာ ကုမ္ပဏီက ဖုန်း လေးလုံးနဲ့ တက်ဘလက်တစ်လုံးကို Pi Charger ဖြင့် ကြိုးမဲ့ အားသွင်းခြင်းကို သရုပ်ပြသခဲ့ကြပါတယ်။

လက်ရှိမှာတော့ Pi Charger ဖြင့် အားသွင်းနိုင်အောင် ဖုန်းကို အထူးပြုလုပ်ထားတဲ့ Case တစ်ခုအထဲမှာ ထားရှိရပါတယ်။ ဒါပေမယ့် ကုမ္ပဏီက iPhone 8 လို နောက်ပိုင်းထုတ် ဖုန်းများမှာ Case မလိုအပ်ဘဲ ကြိုးမဲ့အားသွင်းပေးနိုင်မယ်လို့ ပြောပါတယ်။ Pi Charger ကို လာမယ့်နှစ်မှာ ဒေါ်လာ ၂၀၀ အောက်ဖြင့် ရောင်းချဖို့ စီစဉ်ထားပါတယ်။

ref : techradar

You may be interested

စက်ရုပ်များ မလုပ်နိုင်မယ့် သေချာတဲ့ အနာဂတ် အလုပ်အကိုင်များ
FEATURES, Life Style, Softwares & Application
0 shares0 views

စက်ရုပ်များ မလုပ်နိုင်မယ့် သေချာတဲ့ အနာဂတ် အလုပ်အကိုင်များ

Ko Thuya - Oct 16, 2018

စက်ရုပ်များဟာ ကုန်ထုတ်စွမ်းအား တိုးတက်စေတဲ့ အတွက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ဒါပေမယ့် လာမယ့် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ လူသားတွေရဲ့ အလုပ်အကိုင်များဟာ စိုးရိမ်စရာ ဖြစ်လာပါတယ်။ စီးပွားရေး ပညာရှင် Mariano Mamertino က ကမ္ဘာ့ နံပါတ်တစ် အလုပ်အကိုင် ၀က်ဆိုက်…

Xiaomi Black Shark 2 ကို ကြေညာမယ့် ရက်ကို သိရပြီ
Android, HUBS, Mobiles & Tablets
0 shares3 views

Xiaomi Black Shark 2 ကို ကြေညာမယ့် ရက်ကို သိရပြီ

Ko Thuya - Oct 16, 2018

Xiaomi Black Shark 2 ရဲ့ Teaser တစ်ခု ထွက်ပေါ်လာပါတယ်။ ပိုစတာမှာ အောက်တိုဘာလ ၂၃ ရက်လို့ ရေးသားထားတဲ့ အတွက် ဒီဖုန်းကို အဲနေ့မှာ ကြေညာနိုင်ပါတယ်။ ပိုစတာမှာ တရုတ်လို ရေးသားထားတဲ့အတွက် အဲဒီမှာ ကြေညာနိုင်ပါတယ်။ ရှောင်မီကတော့…

Dell က ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ကို ပြသ
Dell, HUBS, NEWS
0 shares9 views

Dell က ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ကို ပြသ

Ko Thuya - Oct 16, 2018

Dell UltraSharp U4919DW ဟာ ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ဖြစ်လာပါတယ်။ ဈေးကွက်ထဲမှ အခြား Ultra-wide Display များဟာ Full HD Resolution သာ ရှိပါတယ်။ ဒါ့အပြင်…

Leave a Comment

Most from this category