258 Shares 172 Views

iOS 11 ကို အဆင့်မြှင့်တင်နည်း (၂) နည်း

Sep 20, 2017
258 172

Apple က ကမ္ဘာအ၀န်းမှာ iPhone နဲ့ iPad များအတွက် iOS 11 ကို ဖြန့်ချီပေးလိုက်ပါတယ်။ iOS 11 ကို အင်စတောပြုလုပ်နိုင်မယ့် iDevices များမှာ iPhone 7, iPhone 7 Plus, iPhone 6s, iPhone 6s Plus, iPhone 6, iPhone 6 Plus, iPhone 5s, iPhone SE, iPad Pro 9.7, iPad Pro 10.5, iPad Pro 12.9, iPad 9.7, iPad Air 2, iPad Air, iPad mini 4, iPad mini 3, iPad mini 2 , iPod Touch (6th gen) တို့ ဖြစ်ကြပါတယ်။ iOS 11 ကို မရရှိတဲ့ Device များမှာ iPad 4 , iPhone 5 , iPhone 5c တို့ ဖြစ်ပါတယ်။ iPhone 8, iPhone 8 Plus , iPhone X တို့ကတော့ iOS 11 ပါရှိပြီးသား ဖြစ်ပါတယ်။

iOS 11 ကို အဆင့်မြှင့်နိုင်မယ့် နည်းလမ်း (၂) ခု ရှိပါတယ်။ အဆင့်မမြှင့်ခင်မှာ သင့်ရဲ့ Device မှ အရေးကြီးဒေတာများကို အရင်ဆုံး Backup ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် သင့် Device မှာ နေရာလွတ် 2GB ရှိရမှာပါ။

နည်းလမ်း ၁ (Over-the-Air Update)

သင့်ရဲ့ iDevice မှ Mobile Data or WiFi ကို အသုံးပြု၍ Over-the-Air Update ကနေ iOS 11 ကို အဆင့်မြှင့်နိုင်ပါတယ်။ ဒီနည်းလမ်းမှာ ကွန်ပြူတာနဲ့ iTunes များမလိုအပ်ပါဘူး။ သင့် Device ကို အားသွင်းကြိုးနဲ့ချိတ်ဆက်ပြီး Settings> General> Software Update ထဲသွားပါ။ iOS က Update ကို အလိုအလျှောက် စစ်ဆေးပေးပြီး Download လုပ်ဖို့ ပြောမှာပါ။

နည်းလမ်း ၂ (iTunes)

သင့် ကွန်ပြူတာမှ iTunes ကို အသုံးပြု၍လည်း iOS 11 ကို အဆင့်မြှင့်နိုင်ပါတယ်။ iTunes Version ကို 12.7 အထိ မြှင့်ထားပါ။ ပြီးရင် သင့် iOS Device ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ။ iTunes ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှ iPhone or iPad Icon ကို နှိပ်ပါ။ Check for Update> Download and Update ကို နှိပ်ပါ။ နောက်ပေါ်လာတဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပေးရင် iTunes က သင့် iOS Device အတွက် iOS 11 ကို အဆင့်မြှင့်ပေးမှာပါ။

ref : cnet

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares89 views

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…

Leave a Comment

Most from this category