Google ရဲ့ စွမ်းဆောင်ရည်မြင့် Pixelbook လက်တော့ လာမည်
Google က အောက်တိုဘာလဆန်းပိုင်းမှာ ပွဲတစ်ခု ကျင်းပ၍ ထုတ်ကုန်အသစ်များကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အခုတော့ ပွဲမတိုင်ခင်မှာပဲ သူ့ ထုတ်ကုန်များရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီထုတ်ကုန်များထဲမှာ Google Pixelbook အမည်ရ စွမ်းဆောင်ရည်မြင့် လက်တော့ ပါဝင်ပါတယ်။ သူ့ကို ခေါက်ချိုး၍ တက်ဘလက်လို အသုံးပြုနိုင်ပြီး ဒစ်ဂျစ်တယ် ဘောပင်ကိုလည်း ဖန်တီးပေးထားပါတယ်။
Google Pixelbook ကို ငွေရောင်တစ်မျိုးထဲသာ ထုတ်လုပ်ပေးထားမယ်လို့ သတင်းထွက်နေပြီး 128GB , 256GB, 512GB Storage များ ရွေးချယ်နိုင်မှာပါ။ ၁၁၉၉ ၊ ၁၃၉၉ နဲ့ ၁၇၄၉ ဒေါ်လာ အသီးသီး တန်ကြေးရှိပါတယ်။ Pixelbook Pen အမည်ရ ဒစ်ဂျစ်တယ် ဘောပင်ကို ၉၉ ဒေါ်လာဖြင့် သီးခြား ၀ယ်ယူရမှာပါ။
Google Pixelbook ဟာ Chrome OS ထည့်သွင်းထားတဲ့ စွမ်းဆောင်ရည်မြင့် Chromebook ဖြစ်ပါတယ်။ သူ့မှာ အင်တာနက် အခြေပြု Apps များနဲ့ Android Apps များကို အသုံးပြုနိုင်ပါတယ်။ Google က ယခင်က Chromebook Pixel လက်တော့များကို ထုတ်လုပ်ရောင်းချခဲ့ဖူးပြီး ယခုမော်ဒယ်အသစ်မှာ အမည်ကို ပြောင်းလဲထားပါတယ်။
ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံများအရ လက်တော့ရဲ့ ကီးဘုတ်ခလုတ်များဟာ ကြီးမားပြီး Trackpad ကလည်း ကျယ်ဝန်းပါတယ်။ 3:2 Screen Aspect Ratio ကိုသာ အသုံးပြုထားပုံပေါ်ပါတယ်။ Google Pixelbook ဟာ အနုပညာရှင်များနဲ့ Chromebook Fans များအတွက် ရည်ရွယ်ထားပုံပေါ်ပါတယ်။ Google က အောက်တိုဘာလ ၄ ရက်နေ့မှာ ကျင်းပမယ့် ပွဲမှာ Pixelbook လက်တော့၊ Pixel စမတ်ဖုန်ုးများနဲ့ Google Home စမတ် စပီကာ အသစ်များကို မိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ref : theverge
You may be interested

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ
Ko Thuya - Apr 23, 2018New York Times ရဲ့ သတင်းအရ သီရိလင်္ကာမှ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese လူမျိုးများနဲ့ လူနည်းစု ဖြစ်တဲ့ မူဆလင်များအကြားမှာ Facebook မှ အမုန်းစကားများကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာတယ်လို့ သိရပါတယ်။ သီရိလင်္ကာ လူမျိုးအများစုဟာ…

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Ko Thuya - Apr 23, 2018မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
Nwe Oo Thant - Apr 22, 2018နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…
Most from this category

iOS နဲ့ Mac OS ကိုပေါင်းမှာမဟုတ်တဲ့ Tim Cook
Nwe Oo Thant - Apr 22, 2018
Leave a Comment
You must be logged in to post a comment.