0 Shares 66 Views

FullView Display တပ်ဆင်ထားတဲ့ Vivo V7 နဲ့ V7+ ကို စက်တင်ဘာလ ၂၅ ရက်နေ့မှာ မိတ်ဆက်မည်

Sep 20, 2017
0 66

Vivo က မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၂၅ ရက်နေ့တွင် V7 နဲ့ V7+ စမတ်ဖုန်းများကို Novotel Hotel Yangon Ballroom မှာ ခမ်းခမ်းနားနား မိတ်ဆက်မယ်လို့ ကြေညာထားပါတယ်။ V7 နဲ့ V7+ ကို ဦးဦးဖျားဖျား ကိုင်ချင်သူများအတွက် စက်တင်ဘာလ ၂၆ ရက်နေ့မှာ Pre-Order ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Vivo V7 နဲ့ V7 Plus ရဲ့ ထူးခြားချက်က FullView Display ဖြစ်ပြီး မျက်နှာပြင်အချိုးက 18:9 ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်နဲ့ ညာဘက်မှာ ဘေးဘောင်များ မရှိသလောက် နည်းပါးမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အထက်မှာ ကင်မရာနဲ့ စပီကာများအတွက် နေရာ သိပ်မပေးထာသလို မျက်နှာပြင်ရဲ့ အောက်ခြေမှ ဘောင်ကိုလည်း ပါးလွှာအောင် ပြုလုပ်ထားပါတယ်။ အဲဒီအတွက် မျက်နှာပြင် အောက်ခြေမှ Physical Button များကို ဖယ်ရှားထားပြီး Software Buttons များကို ဖန်တီးပေးထားနိုင်ပါတယ်။ မျက်နှာပြင်ဟာ ထင်ရှားရှင်းလင်းပြီး မှော်ဆန်တဲ့ ရုပ်ထွက်များကို ခံစားရမှာ ဖြစ်ပါတယ်။

20 MP Softlight Camera Perfect Selfie နဲ့ ဈေးကွက်တွင်း အောင်မြင်စွာ ထိုးဖောက်ခဲ့တဲ့ Vivo ဟာ ပိုမိုကောင်းမွန်တဲ့ ထုတ်ကုန်အဖြစ် V7+ ကို ဖြန့်ချိတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ V7 နဲ့ V7+ စမတ်ဖုန်းများမှာ ကြည်လင်ပြတ်သားတဲ့ Selfie များကို ဖန်တီးပေးမယ့် 24MP Camera တပ်ဆင်ထားမယ်လို့ Vivo က အရိပ်အမြွက် ကြေညာထားပါတယ်။

ref : Vivo

You may be interested

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

Leave a Comment

Most from this category