307 Shares 176 Views

မျက်နှာပြင် ၂ ခုပါတဲ့ Yota 3 စမတ်ဖုန်းကို ရောင်းပြီ

Sep 20, 2017
307 176

YotaPhone က တရုတ်မှာ မျက်နှာပြင် ၂ ခုပါတဲ့ Yota 3 စမတ်ဖုန်းကို ပြသလိုက်ပါတယ်။ Yota 3 မှာ Qualcomm Snapdragon 625 Processor , 4GB RAM ထည့်သွင်းထားပါတယ်။ သူ့ရဲ့ အခြားစမတ်ဖုန်းများထက် စွဲဆောင်မှုမှာ အရှေ့နဲ့ အနောက်ဘက်မှာ မျက်နှာပြင် တစ်ခုစီ တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။ အရှေ့ဘက်မှာ ၅.၅ လက်မ Full HD AMOLED Display နဲ့ အနောက်ဘက်မှာ ၅.၂ လက်မ E-ink Display တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ 12MP Camera နဲ့ အရှေ့ဘက်မှာ 13MP Camera တပ်ဆင်ထားပါတယ်။ ဒေတာကူးပြောင်းခြင်းနဲ့ အားသွင်းခြင်းများ ပြုလုပ်ရင် လျှင်မြန်တဲ့ USB Type-C Port တပ်ဆင်ထားပါတယ်။ ဘက်ထရီကတော့ 3300mAh ဖြစ်ပါတယ်။ Bluetooth 4.2 , WiFi, GPS များ ပါဝင်ပါတယ်။ Android 7.1.1 Nougat ထည့်သွင်းထားပါတယ်။ လက်ရှိမှာ အနက်ရောင်တစ်မျိုးထဲသာ ထုတ်လုပ်ပေးထားပြီး နောက်ပိုင်းမှာ အခြားအရောင်များ ထုတ်လုပ်ပေးနိုင်ပါတယ်။

64GB Model ကို ယွမ် ၃၆၉၉ ၊ 128GB Model ကို ယွမ် ၄၂၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေအားဖြင့် ၇၅၀ ၀၀၀ နဲ့ ၈၈၀ ၀၀၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။ တရုတ်မှာ အောက်တိုဘာလမှာ ရောင်းချမှာဖြစ်ပေမယ့် နေ့ရက် အတိအကျကို မသိရသေးပါဘူး။ ကုမ္ပဏီက အခြားနိုင်ငံများမှာလည်း ရောင်းချဖို့ စီစဉ်နေပါတယ်။ အခြားနိုင်ငံများမှာတော့ YotaPhone 3 အမည်ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။

ref : androidheadlines

You may be interested

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ

Ko Thuya - Apr 23, 2018

Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို…

အကောင်းဆုံး Offline Android Apps များ
FEATURES, Softwares & Application
112 shares26 views

အကောင်းဆုံး Offline Android Apps များ

Ko Thuya - Apr 23, 2018

အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps…

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့
NEWS, Tech Update
77 shares48 views

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့

Nwe Oo Thant - Apr 23, 2018

[Zawgyi] ဒီတစ်ပတ်မှာတော့ Wikipedia ကနေ page previews ဆိုတဲ့ အသုံးဝင်တဲ့ feature သစ်လေးကို ထပ်ထည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်လိုက်လို့ Desktop Wikipedia တွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာကိုပြပါဆိုရင် ဒီ feature သစ်လေးကိုပြရမှာဖြစ်ကြောင်း Wikimedia ဖောင်ဒေးရှင်းကဆိုခဲ့ပါတယ်။ သူကတော့ စာဖတ်သူတွေအတွက်…

Leave a Comment

Most from this category