0 Shares 27 Views

ဒီဇယ်ကားများရဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ဥရောပမှာ တစ်နှစ်လျှင် လူ ၅ ထောင်ခန့် စောစီးစွာ သေဆုံးနေ

Sep 20, 2017
0 27

Environmental Research Letters Journal မှာ ရေးသားထားတဲ့ သုတေသနစစ်တမ်းအရ ၂၀၁၃ ခုနှစ်မှာ ဒီဇယ်ကားများကနေ ထုတ်လွှင့်တဲ့ ဓါတ်ငွေ့များကြောင့် နော်ဝေး၊ ဆွစ်ဇာလန် အပါအ၀င် ဥရောပနိုင်ငံပေါင်း ၂၈ ခုမှာ လူပေါင်း ၁၀ ၀၀၀ ခန့် စောစီးစွာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ ကမ္ဘာအ၀န်းမှာ ဒီဇယ်ကားများရဲ့ ပတ်ဝန်းကျင် ညစ်ညမ်းစေမှုကြောင့် စောစီးစွာ သေဆုံးရသူဟာ ၃၈ ၀၀၀ ခန့်ရှိတယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။ Lab ထဲမှာ တိုင်းတာထားတဲ့ Nitrogen Oxides(NOx) ပမာဏအတိုင်းသာ လမ်းမများပေါ်မှာ ဒီဇယ်ကားများက ထုတ်လွှင့်မယ်ဆိုရင်တော့ သေဆုံးမှု ပမာဏဟာ ထက်ဝက်ခန့် လျော့ကျသွားမှာ ဖြစ်ပါတယ်။ ဒီဇယ်ကားများဟာ ဓါတ်ဆီကားများလို NOx အနည်းငယ်သာ ထုတ်လွှင့်မယ်ဆိုရင် စောစီးစွာ သေဆုံးတဲ့ အရေအတွက်ဟာ ၄၀၀၀ ကနေ ၅၀၀၀ ခန့်သာ ရှိမယ်လို့ စစ်တမ်းကောက်ယူသူများက တွက်ချက်ထားပါတယ်။

ဥရောပမှာ ဒီဇယ်ကား အစီးရ သန်း ၁၀၀ ကျော်ရှိပြီး ကမ္ဘာရဲ့ အခြားနေရာများမှာထက် ၂ ဆ များပြားပါတယ်။ ဒီဇယ်ကား အသုံးပြုမှုများပြားပြီး လူဦးရေထူထပ်တဲ့ အီတလီ၊ ဂျာမနီနဲ့ ပြင်သစ်တို့ဟာ အန္တရာယ်အများဆုံး ဖြစ်နေပါတယ်။ ၁၉၉၀ ခုနှစ်ကစပြီး ဥရောပမှာ ဒီဇယ်ကား အသုံးပြုမှုဟာ ဓါတ်ဆီကားများထက် မြင့်မားလာခြင်း ဖြစ်ပါတယ်။ ဒီဇယ်ကားများဟာ ဓါတ်ဆီကားများထက် ကမ္ဘာကြီးကို ပူနွေးစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှင့်မှု နည်းပါးပေမယ့် NOx ထုတ်လွှင့်မှုကတော့ သိသိသာသာ များပြားပါတယ်။

ref : theverge , phys.org

You may be interested

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ
Android, HUBS, Mobiles & Tablets
0 shares0 views

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ

Ko Thuya - Jan 18, 2019

ZTE ရဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်တဲ့ Nubia က နိုဝင်ဘာလမှာ Gaming Phone ဖြစ်တဲ့ Red Magic Mars ကို ကြေညာခဲ့ပါတယ်။ 6/64GB Model ကို ယွမ် ၂၇၀၀ ၊ 8/128GB ကို…

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ အင်တာနက်မှာ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်လာပါတယ်။ ရှောင်မီက တရားဝင် ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတွေတော့ မဟုတ်ပါဘူး။ ဓါတ်ပုံများမှာ Mi 9 ကို ရှုထောင့်မျိုးစုံကနေ မြင်ရပါတယ်။ အနောက်ဘက်မှာ 48MP Main…

ဘာသာစကား သင်ကြားပေးမယ့် Drops
Android, FEATURES, HUBS
47 shares20 views

ဘာသာစကား သင်ကြားပေးမယ့် Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး App စာရင်းထဲမှာ ပါဝင်ပါတယ်။ သူက ဘာသာစကား သင်ကြားပေးတဲ့ App ဖြစ်ပါတယ်။ ပျော်ရွှင်စွာဖြင့်…

Leave a Comment

Most from this category