195 Shares 114 Views

Apple က iOS 11 ကို ဖြန့်ချီပြီ

Sep 20, 2017
195 114

Apple က ဇွန်လမှာ ကျင်းပခဲ့တဲ့ World Wide Developer Conference မှာ iOS 11 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Apple က iOS 11, watchOS 4 နဲ့ tvOS 11 တို့ရဲ့ Final Stable Version များကို ဖြန့်ချီပေးလိုက်ပါတယ်။ ဒါပေမယ့် iOS 11 ကို iPhone, iPad အားလုံး ရရှိမှာ မဟုတ်ပါဘူး။ Apple ရဲ့ iOS 11 ကို ဖြန့်ချီပေးမယ့် Devices များကို လေ့လာကြည့်တဲ့ အခါမှာ ၂၀၁၃ ခုနှစ် အရှေ့ပိုင်းမှာ ထုတ်လုပ်တဲ့ Devices များက လွဲပြီး နောက်ပိုင်းထုတ် Devices များအားလုံးအတွက် iOS 11 ကို ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။

iOS 11 ကို ရရှိမယ့် Devices များကတော့

• iPhone 5S နဲ့နောက်ပိုင်းထုတ်များ
• iPad Air အားလုံး
• iPad Pro အားလုံး
• iPad mini 2 နဲ့ နောက်ပိုင်းထုတ်များ
• iPad (2017)
• iPad touch (6th generation)

တစ်နည်းအားဖြင့် Apple A7 Chip နဲ့ နောက်ပိုင်းထုတ် Devices အားလုံးဟာ iOS 11 ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် iPhone 5 နဲ့ iPhone 5C တို့ကတော့ iOS 11 ကို မရဘဲ iOS 10 ကိုသာ ဆက်လက် သုံးရမှာ ဖြစ်ပါတယ်။

ref : gsmarena

You may be interested

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ အင်တာနက်မှာ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်လာပါတယ်။ ရှောင်မီက တရားဝင် ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတွေတော့ မဟုတ်ပါဘူး။ ဓါတ်ပုံများမှာ Mi 9 ကို ရှုထောင့်မျိုးစုံကနေ မြင်ရပါတယ်။ အနောက်ဘက်မှာ 48MP Main…

ဘာသာစကား သင်ကြားပေးမယ့် Drops
Android, FEATURES, HUBS
47 shares11 views

ဘာသာစကား သင်ကြားပေးမယ့် Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး App စာရင်းထဲမှာ ပါဝင်ပါတယ်။ သူက ဘာသာစကား သင်ကြားပေးတဲ့ App ဖြစ်ပါတယ်။ ပျော်ရွှင်စွာဖြင့်…

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
162 shares40 views

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်

Ko Thuya - Jan 17, 2019

ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…

Leave a Comment

Most from this category