0 Shares 83 Views

ပလတ်စတစ်ဘူးအဟောင်းတွေကနေ ကြိုးအမာစားထုတ်နိုင်တဲ့ ၁၅ ဒေါ်လာတန်ကိရိယာ

Mar 04, 2016
0 83

အိမ်မှာအသုံးမလိုတော့တဲ့ ပလတ်စတစ်ဘူးတွေစုပုံနေပါသလား။ ဒါဆိုရင်တော့ ဒီကိရိယာလေးကို ၀ယ်ပြီး၊ သင့်ရဲ့ ပလတ်စတစ်ဘူးအဟောင်းတွေကို အကျိုးရှိရှိအသုံးချလိုက်ပါ။

၁၅ ဒေါ်လာသာတန်ဖိုးရှိတဲ့ ဒီကိရိယာကို ပြင်သစ်နိုင်ငံက၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးလှုပ်ရှားသူ Pavel နဲ့ Ian တို့က တီထွင်ခဲ့ကြတာဖြစ်ပြီး၊ တကယ့်ကို ရိုးရိုးရှင်းရှင်းနဲ့ အသုံးတည့်စေမယ့်ကိရိယာလေး ဖြစ်ပါတယ်။

ကားတစ်စီးကို ကြိုးနဲ့ချည်ပြီး ဆွဲနိုင်လောက်အောင် ခိုင်မာတဲ့ပလတ်စတစ်ကြိုးကို ပလတ်စတစ်ဘူး တစ်ဘူးတည်းနဲ့တင် ယခုကိရိယာကိုအသုံးပြုပြီး ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။

‘Plastic Bottle Cutter’ လို့အမည်ပေးထားတဲ့၊ ဒီကိရိယာမှာ သစ်သားလက်ကိုင်တစ်ခု၊ ဘလိတ်ဓားတစ်ချောင်းနဲ့ သံစွပ်တစ်ခုသာ ပါရှိပါတယ်။ ပလတ်စတစ်ဘူးဖင်အောက်ကို ဖြတ်ကာ၊ ဒီကိရိယာမှာ စွပ်ပြီး၊ အနည်းငယ်လက်နဲ့ဆွဲလိုက်ရုံနဲ့ မာကျောတဲ့ပလတ်စတစ်ကြိုးကို ရရှိနိုင်မှာဖြစ်ပါတယ်။

ပလတ်စတစ်ဘူးမျိုးစုံကို တပ်ဆင်အသုံးပြုနိုင်ပြီး၊ ကော်ကြွပ်ဘူးတွေဆိုရင်တော့ မီးအနည်းငယ်အပူပေးကာ ပျော့အောင်လုပ်ပြီး အသုံးပြုနိုင်ပါတယ်။

“ ကြိုးရဲ့ခံနိုင်အားကတော့ ဘူးအမျိုးအစားပေါ်မူတည်ပါတယ်။ ဒါပေမယ့် သာမန်ကိုကာကိုလာဘူးကြီးတစ်ဘူး ကနေ ထုတ်ထားတဲ့ ပလတ်စတစ်ကြိုးက ၇ ကီလိုဂရမ်ဝန်လောက် ခံနိုင်ပါတယ်” လို့ တီထွင်သူနှစ်ဦးက သူတို့ရဲ့ Kickstarter စာမျက်နှာမှာ ရေးသားထားပါတယ်။

“ ကျွန်မတို့ ပထမဆုံးထုတ်ထားတဲ့ကြိုးကို နေပူထဲမှာ နှစ်နှစ်လောက်ပစ်ထားပြီး စမ်းသပ်ခဲ့ကြည့်ရာမှာ၊ ယခုထိတောင် ဒီကြိုးက ခိုင်မာတုန်းရှိနေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်”

ဒီကိရိယာလေးကို Kickstarter ရန်ပုံငွေရှာဖွေရေးဆိုက်မှာ တင်ပြီး ရန်ပုံငွေ ၉၄၄၀ ဒေါ်လာရှာဖွေခဲ့ရာမှာ၊ ယခုဒီသတင်းရေးနေချိန်မှာ၊ ငွေကြေးထောက်ပံ့သူပေါင်း ၃၀၀ လောက်က ရန်ပုံငွေပေါင်း ၁၄၈၁၁၀ ဒေါ်လာ ထောက်ပံ့ပြီးပြီဖြစ်ပါတယ်။

လတ်တလောထွက်ရှိထားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိန်းဂဏန်းတွေအရ၊ သမုဒ္ဒရာထဲမှာ ပလတ်စတစ် ဘူးအပါအ၀င် အမှိုက်သရိုက်တန်ချိန်ပေါင်း ၈ သန်းလောက် မျောပါလျက်ရှိပြီး၊ ဒီပမာဏဟာ ဈေးဝယ်ပလတ်စတစ်အိတ်အကြီး ၅ လုံးကို အပြည့်ဖြည့်၊ ကမ္ဘာ့ကမ်းရိုးတန်းတစ်လျှောက်လုံးမှာ တစ်ပေကို ၅အိတ်စီ ချထားရင်တောင်၊ ကမ်းရိုးတန်းပြည့်နိုင်တဲ့ပမာဏဖြစ်ပါတယ်။

Ref: DailyMail

 

 

You may be interested

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း
cameras, FEATURES, Mobile & Tablets
0 shares0 views

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း

Ko Thuya - Sep 21, 2017

ဒီနေ့ခေတ်မှာ iPhone ၀ယ်ဖို့ အတွက် ရွေးချယ်စရာများစွာ ရှိပါတယ်။ ၃၅၀ ဒေါ်လာတန် iPhone SE ကနေ ဒေါ်လာ ၁၀၀၀ တန် iPhone X အထိ အစားစား ရှိပါတယ်။ ဘယ်ဖုန်းဟာ သင်နဲ့ သင့်တော်သလဲဆိုတာတော့ မသိပါဘူး။…

iOS 11 ရဲ့ အကောင်းဆုံး Features များ
Apple, FEATURES, HUBS
50 shares25 views

iOS 11 ရဲ့ အကောင်းဆုံး Features များ

Ko Thuya - Sep 21, 2017

Apple က iOS 11 ကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးလိုက်ပါပြီ။ အဲဒီအတွက် iOS 11 ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။ Control Center ကို Customize ပြုလုပ်ခြင်း။ iOS 10 ရဲ့ Control…

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4
Google, Mobiles & Tablets, Motorola
83 shares27 views

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4

Zar Ni Nyein Tun - Sep 21, 2017

Android ဖုန်းတလုံးဖြစ်တဲ့ Motorola Moto X4 ကို အမေရိကန်မှာ မကြာခင်ရောင်းချတော့မယ်လို့ သိရပါတယ်။Google နဲ့ Motorola ရဲ့ ပေါင်းစပ်မှုဖြစ်တဲ့ Moto X4 ဟာ Google Project Fi wireless system ပါဝင်ပါတယ်။ X4…

Leave a Comment

Most from this category