309 Shares 179 Views

32GB Storage ပါတဲ့ Xiaomi Mi Max 2 Model ကို မိတ်ဆက်

Sep 19, 2017
309 179

ရှောင်မီက ယခုနှစ် ဇူလိုင်လမှာ Mi Mix 2 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ ရှောင်မီက 32GB Storage ပါတဲ့ Mi Max 2 Model ကို အိန္ဒိယမှာ ရောင်းချပေးလိုက်ပါတယ်။ မူလမော်ဒယ်မှာတော့ 64GB Internal Storage ထည့်သွင်းပေးခဲ့ခြင်း ဖြစ်ပါတယ်။ မော်ဒယ် ၂ မျိုးရဲ့ အခြား Specifications များမှာ တူညီကြပါတယ်။

Xiaomi Mi Max 2 မှာ ၆.၄ လက်မ 2.5D Curved Glass Display တပ်ဆင်ထားပြီး Qualcomm Snapdragon 625 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM , 5300mAh Battery တပ်ဆင်ထားပြီး လျှင်မြန်စွာ အားသွင်းနိုင်တဲ့ QuickCharge 3.0 နည်းပညာ ပါပါတယ်။ Mi Max 2 ဟာ ဘက်ထရီအပိုင်းမှာ အလွန် ကောင်းမွန်ပါတယ်။ တစ်နာရီ အားသွင်းရင် သုံးပုံပုံနှစ်ပုံ အားပြည့်တယ်လို့ ရှောင်မီက ပြောပါတယ်။ microSD Card စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာ 12 Megapixel Camera တပ်ဆင်ထားပြီး Mi 6 ရဲ့ ကင်မရာနဲ့ တူညီပါတယ်။ ဒါပေမယ့် Mi Max 2 မှာ အနောက်ကင်မရာ တစ်လုံးသာ ပါပါတယ်။ Sony ရဲ့ IMX386 Sensor ဖြစ်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး စတီရီယို စပီကာ နှစ်ခုနဲ့ USB Type-C Port ပါပါတယ်။

မော်ဒယ်အသစ်ကို အိန္ဒိယမှာ ဒေါ်လာ ၂၃၅ သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်း ၀န်းကျင်ကျသင့်နိုင်ပါတယ်။ အခုဆိုရင် Mi Max 2 အတွက် 32 or 64 or 128GB Model များကို ရွေးချယ်နိုင်ပါပြီ။

ref : gsmarena, techandroids

You may be interested

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ
Facebook, HUBS, NEWS
0 shares0 views

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ

Ko Thuya - Apr 23, 2018

New York Times ရဲ့ သတင်းအရ သီရိလင်္ကာမှ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese လူမျိုးများနဲ့ လူနည်းစု ဖြစ်တဲ့ မူဆလင်များအကြားမှာ Facebook မှ အမုန်းစကားများကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာတယ်လို့ သိရပါတယ်။ သီရိလင်္ကာ လူမျိုးအများစုဟာ…

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Android, HUBS, Meizu
0 shares0 views

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ

Ko Thuya - Apr 23, 2018

မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
NEWS, Tech Update
230 shares41 views

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့

Nwe Oo Thant - Apr 22, 2018

နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို  ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

Leave a Comment

Most from this category