691 Shares 968 Views

iPhone X ရဲ့ Full Screen Design ကို Android မှာ ဖန်တီးပေးမယ့် App

Sep 19, 2017
691 968

၉၉၉ ဒေါ်လာ မသုံးဘဲနဲ့ iPhone X ရဲ့ အထူးခြားဆုံး စွမ်းရည်များကို အသုံးပြုနိုင်ပါပြီ။ iPhone X ရဲ့ Animoji နဲ့ မျက်နှာ အာရုံခံ နည်းပညာများကို ပြောတာ မဟုတ်ပါဘူး။ iPhone X ရဲ့ Full Screen Design ကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။

iPhone X ဟာ မျက်နှာပြင် အပြည့် ဒီဇိုင်းဖြစ်ပြီး မျက်နှာပြင်ရဲ့ အထက်ပိုင်းမှာ နေရာအနည်းငယ်ကို ဖဲ့ယူ၍ ကင်မရာနဲ့ Sensors များကို တပ်ဆင်ထားပါတယ်။ အဲဒီ ဖဲ့ယူထားတဲ့ နေရာလေးကို Android မှာ ပုံတူပြုပြီး ဖန်တီးပေးမယ့် Android App တစ်ခုကို Developer တစ်ဦးက ဖန်တီးလိုက်ပါတယ်။

App ရဲ့ အမည်ကတော့ XOutof10 ဖြစ်ပြီး သူ့ကို Github ၀က်ဆိုက်နဲ့ Google Play Store ကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ ဒါပေမယ့် သူ့ကို Android Marshmallow မှာသာ အသုံးပြုနိုင်ပါတယ်။ Android Oreo မှာတောင် အလုပ်မလုပ်ပါဘူး။

Apple က iPhone X နဲ့အတူ iPhone 8 , iPhone 8 Plus တို့ကို မိတ်ဆက်ခဲ့ပြီး အဲဒီ ဖုန်းအသစ်သုံးလုံးထဲမှာ iPhone X က စွမ်းရည် အမြင့်မားဆုံး ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းမှာလည်း သူက အထူးခြားဆုံးဖြစ်ပါတယ်။ ယခုနှစ် Smartphone Trend ဖြစ်တဲ့ Full Screen Display ကို iPhone X မှာ ထည့်သွင်းပေးခဲ့ပါတယ်။

Download XOutof10 from Github or Play Store

ref : mashable

You may be interested

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ

Ko Thuya - Mar 26, 2019

သင့်ရဲ့ Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်ချင်ရင် ချိတ်ဆက်နည်းများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းကို စမတ်တီဗီများနဲ့သာ ၀ိုင်ဖိုင်ဆက်သွယ်မှုကနေ ကြိုးမဲ့ ချိတ်ဆက်နိုင်တာ မဟုတ်ဘဲ သာမာန်တီဗီများနဲ့လည်း ကြိုးမဲ့ သို့မဟုတ် ကြိုးဖြင့် ချိတ်ဆက်နည်းများ ရှိပါတယ်။ WiFi…

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား
Mobiles & Tablets, NEWS
9 shares3 views

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား

Nigma - Mar 26, 2019

မိုဘိုင်းနည်းပညာရဲ့ နောက်ထပ် ဆန်းသစ်မှုတခုကတာ့ ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆည် Foldable ဖုန်းဆိုလို့ Samsung နဲ့ Huawei တို့ပဲ ကောင်းကောင်း ရှိပါတယ်။ မကြာမီအချိန်အတွင်း Xiaomi, Lenovo, Motorola စတဲ့ ကုမ္ပဏီတွေလည်း…

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei
Android, Apple, Huawei
39 shares36 views

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei

Ko Thuya - Mar 26, 2019

Apple က မနေ့က ၀န်ဆောင်မှု အသစ်များကို မနေ့ကပဲ ကြေညာလိုက်ပါတယ်။ ဟွာဝေးက ဒီနေ့မှာ P30 Series များကို မိတ်ဆက်တော့မှာပါ။ သူတို့ရဲ့ မိတ်ဆက်ပွဲများက အချိန်တိုက်ဆိုင်သွားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး Huawei Ireland က Apple ကို…

Leave a Comment

Most from this category