648 Shares 633 Views

Bezelless Display ပါတဲ့ Nokia 9 ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Sep 19, 2017
648 633

HMD ရဲ့ စွမ်းဆောင်ရည်မြင့် Nokia 9 ရဲ့ သတင်းအချက်အလက်များ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီ သတင်းအချက်အလက်များထဲမှာ ဓါတ်ပုံများလည်း ပါဝင်ပါတယ်။ သတင်းအချက်အလက်များဟာ Baidu Forum ကနေ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ဓါတ်ပုံများအရ Nokia 9 မှာ Bezelless Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်ကို 3D Curved Glass ဖြင့် ဖုံးအုပ်ထားနိုင်ပါတယ်။

Bezelless Design ကြောင့် လက်ဗွေရာ အာရုံခံ ကိရိယာကို အရှေ့ဘက်အစား အနောက် ကင်မရာများရဲ့ အောက်မှာ ပြောင်းရွှေ့တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့အတူ Quad-LED Flash ၁ လုံးတပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အနောက်ကင်မရာ ၂ လုံးက Nokia 8 နဲ့ တူညီပြီး RGB နဲ့ Monochrome Sensors များ ဖြစ်ကြပါတယ်။ ပါဝါနဲ့ အသံခလုတ်များကို ဖုန်းရဲ့ ဘယ်ဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Nokia 9 မှာ ၅.၃ လက်မ QHD Display တပ်ဆင်ထားနိုင်ပါတယ်။ ဒါပေမယ့် နိုကီယာရဲ့ အရာရှိတစ်ဦးက Nokia 9 မှာ 8 ထက် ကြီးမားတဲ့ မျက်နှာပြင် တပ်ဆင်ထားမယ်လို့ ပြောတဲ့အတွက် ၅.၅ လက်မ အရွယ်အစားလည်း ဖြစ်နိုင်ပါတယ်။ Qualcomm Snapdragon 835 Chipset , 4GB RAM များ ထည့်သွင်းထားနိုင်ပါတယ်။ Nokia 8 မှာလို မဟုတ်ဘဲ Nokia 9 မှာ IP68 စံနှုန်းရှိတဲ့အတွက် ရေစိုခံနိုင်ပါတယ်။

Nokia 9 ဟာ ယူရို ၇၅၀ ၀န်းကျင် တန်ကြေးရှိနိုင်ပြီး မြန်မာငွေ အားဖြင့် ၁ ၂၀၀ ၀၀၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။ ရောင်းချမယ့် အချိန်ကိုတော့ မသိရသေးပါဘူး။

ref : gsmarena

You may be interested

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ

Ko Thuya - Mar 26, 2019

သင့်ရဲ့ Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်ချင်ရင် ချိတ်ဆက်နည်းများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းကို စမတ်တီဗီများနဲ့သာ ၀ိုင်ဖိုင်ဆက်သွယ်မှုကနေ ကြိုးမဲ့ ချိတ်ဆက်နိုင်တာ မဟုတ်ဘဲ သာမာန်တီဗီများနဲ့လည်း ကြိုးမဲ့ သို့မဟုတ် ကြိုးဖြင့် ချိတ်ဆက်နည်းများ ရှိပါတယ်။ WiFi…

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား
Mobiles & Tablets, NEWS
9 shares3 views

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား

Nigma - Mar 26, 2019

မိုဘိုင်းနည်းပညာရဲ့ နောက်ထပ် ဆန်းသစ်မှုတခုကတာ့ ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆည် Foldable ဖုန်းဆိုလို့ Samsung နဲ့ Huawei တို့ပဲ ကောင်းကောင်း ရှိပါတယ်။ မကြာမီအချိန်အတွင်း Xiaomi, Lenovo, Motorola စတဲ့ ကုမ္ပဏီတွေလည်း…

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei
Android, Apple, Huawei
39 shares36 views

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei

Ko Thuya - Mar 26, 2019

Apple က မနေ့က ၀န်ဆောင်မှု အသစ်များကို မနေ့ကပဲ ကြေညာလိုက်ပါတယ်။ ဟွာဝေးက ဒီနေ့မှာ P30 Series များကို မိတ်ဆက်တော့မှာပါ။ သူတို့ရဲ့ မိတ်ဆက်ပွဲများက အချိန်တိုက်ဆိုင်သွားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး Huawei Ireland က Apple ကို…

Leave a Comment

Most from this category