200 Shares 50 Views

Apple က Siri ကို စိတ်ကျန်းမာရေး သင်ကြားပေးမယ့် အလုပ်ရာထူးကို ခေါ်ယူနေ

Sep 18, 2017
200 50

လူများ ရင်ဖွင့်ကြတဲ့ ပြဿနာများကို Siri က သိရှိပြီး နှစ်သိမ့်ဆွေးနွေးပေးနိုင်အောင် Apple က ဖန်တီးချင်နေပါတယ်။ အဲဒီအတွက် Apple က စိတ်ပညာနဲ့ နှစ်သိမ့်ဆွေးနွေးအကြံပေးတဲ့ အရည်အချင်းများရှိတဲ့ Programmers များကို အလုပ်ခေါ်ယူနေပါတယ်။

Apple က အလုပ်ခေါ်ယူတဲ့ စာရင်းမှာ Siri Software Engineer, Health and Wellness ရာထူးကို ထည့်သွင်းထားပါတယ်။ အလုပ်လျှောက်ထားချင်သူများဟာ Siri Team မှာ အလုပ်ဝင်ရမှာ ဖြစ်ပြီး လူနဲ့ ကွန်ပြူတာ ဆက်ဆံမှုကို တိုးတက်အောင် ဖန်တီးရမှာ ဖြစ်ပါတယ်။

Apple ခေါ်ယူတဲ့ အလုပ်ရာထူးအတွက် ကွန်ပြူတာ သိပ္ပံနဲ့ ပရိုဂရမ်းမင်း အရည်အချင်းများ မလိုအပ်ပါဘူး။ Apple က Siri ဟာ လူတွေရဲ့ စကားကို နားထောင်လာတာ ၇ နှစ် ရှိပါပြီ။ Apple က “ လူတွေဟာ စိတ်ဖိစီးတဲ့ နေ့များမှာ စိတ်ခံစားချက်များကို Siri အား ပြောပြကြပါတယ်။ အရေးပေါ် အခြေအနေများ ကြုံတွေ့ခြင်း၊ ကျန်းမာရေးအတွက် အကြံပြုချက်များ လိုအပ်ခြင်းများအတွက်လည်း Siri ကို အသုံးပြုကြပါတယ်။ “ လို့ ရေးသားထားပါတယ်။

အဲဒီအတွက် Apple က လူများရဲ့ စိတ်ကျန်းမာရေးကို ဆွေးနွေးပေးဖို့ Siri ကို အလိုရှိနေပါတယ်။ Microsoft Cortana, Siri, Google Now , Samsung Voice စတဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်များကို Stanford မှ သုတေသနပညာရှင်များက ၂၀၁၆ ခုနှစ်တွင် လေ့လာခဲ့ရာမှာ လူတွေက ကိုယ့်ကိုကိုယ် သတ်သေချင်တယ်လို့ ပြောရင် Siri နဲ့ Google Now တို့က သတ်သေမှုအတွက် အရေးပေါ် ဖုန်းနံပါတ်များကို ပံ့ပိုးပေးကြတယ်လို့ သိရပါတယ်။ အနာဂတ်မှာတော့ သူတို့ဟာ လူတွေရဲ့စိတ်ကျန်းမာရေး ပြဿနာများကိုပါ ကုစားပေးနိုင်တော့မှာပါ။

ref : mashable

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
118 shares40 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Leave a Comment

Most from this category