195 Shares 71 Views

လူ့ခန္တာကိုယ်ထဲမှာ နေ၍ ရောဂါများကို ကုသပေးမယ့် စမတ်ဆေးလုံး

Sep 18, 2017
195 71

လူ့ခန္တာကိုယ်ထဲမှာ နေ၍ ရောဂါများကို စစ်ဆေး၊ ကုသပေးမယ့် စမတ်ဆေးလုံးများကို သုတေသနပညာရှင်များက တီထွင်နိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဆေးလုံးများဟာ လူ့ခန္တာကိုယ်ထဲမှ သူ့ရဲ့ တည်နေရာကို သိရှိနိုင်ရမှာ ဖြစ်ပြီး အဲဒီ နည်းလမ်းကို California Institute of Technology က လေ့လာတွေ့ရှိခဲ့ပါတယ်။

အဲဒီ စမတ်ဆေးလုံးမှာ ထည့်သွင်းရမယ့် Addressable Transmitters Operated (ATOMS) လို့ အမည်ပေးထားတဲ့ Silicon Chip ကို ပညာရှင်များက တီထွင်လိုက်ပြီး အဲဒီ Chip ကြောင့် စမတ် ဆေးလုံးဟာ ခန္တာကိုယ်ထဲမှ သူ့ရဲ့ တည်နေရာကို တွက်ချက်နိုင်ပါတယ်။ စမတ် ဆေးလုံးက သူ့ရဲ့ တည်နေရာကို သိရှိခြင်းဖြင့် လိုအပ်တဲ့ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းဆီသို့ ဆေးဝါးများ သယ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပညာရှင်များက သူတို့ရဲ့ လေ့လာတွေ့ရှိမှုကို Biomedical Engineering Journal မှာ ဖော်ပြခဲ့ကြပါတယ်။

လက်ရှိမှာတော့ စမတ် ဆေးလုံး တီထွင်တဲ့ စီမံကိန်းဟာ အစောပိုင်း အဆင့်မှာသာ ရှိပါသေးတယ်။ ဒါပေမယ့် အနာဂတ်မှာတော့ လူရဲ့ ဦးနှောက်၊ သွေးနဲ့ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများထံသို့ စမတ်ဆေးလုံးဖြင့် ဆေးဝါးများ ပို့ဆောင်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ စမတ် ဆေးလုံးက pH Levels ၊ အပူချိန်၊ သွေးပေါင်ချိန်၊ သွေးတွင်း သကြားပါဝင်မှု ပမာဏများကို တိုင်းတာပေးနိုင်ပြီး သတင်းအချက်အလက်များကို ဆရာဝန်ထံသို့ လူ့ ခန္တာကိုယ်ထဲကနေပဲ ပေးပို့နိုင်ကြမှာ ဖြစ်ပါတယ်။ လက်ရှိမှာ တီထွင်ထားတဲ့ Chip ဟာ ၁.၄ စတုရန်း မီလီမီတာလောက်သာ ရှိပြီး ကြွက်များမှာ အောင်မြင်စွာ ထည့်သွင်း စမ်းသပ်နိုင်ခဲ့ပါပြီ။

ref : digitaltrends

You may be interested

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ

Ko Thuya - Mar 26, 2019

သင့်ရဲ့ Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်ချင်ရင် ချိတ်ဆက်နည်းများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းကို စမတ်တီဗီများနဲ့သာ ၀ိုင်ဖိုင်ဆက်သွယ်မှုကနေ ကြိုးမဲ့ ချိတ်ဆက်နိုင်တာ မဟုတ်ဘဲ သာမာန်တီဗီများနဲ့လည်း ကြိုးမဲ့ သို့မဟုတ် ကြိုးဖြင့် ချိတ်ဆက်နည်းများ ရှိပါတယ်။ WiFi…

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား
Mobiles & Tablets, NEWS
9 shares3 views

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား

Nigma - Mar 26, 2019

မိုဘိုင်းနည်းပညာရဲ့ နောက်ထပ် ဆန်းသစ်မှုတခုကတာ့ ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆည် Foldable ဖုန်းဆိုလို့ Samsung နဲ့ Huawei တို့ပဲ ကောင်းကောင်း ရှိပါတယ်။ မကြာမီအချိန်အတွင်း Xiaomi, Lenovo, Motorola စတဲ့ ကုမ္ပဏီတွေလည်း…

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei
Android, Apple, Huawei
39 shares36 views

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei

Ko Thuya - Mar 26, 2019

Apple က မနေ့က ၀န်ဆောင်မှု အသစ်များကို မနေ့ကပဲ ကြေညာလိုက်ပါတယ်။ ဟွာဝေးက ဒီနေ့မှာ P30 Series များကို မိတ်ဆက်တော့မှာပါ။ သူတို့ရဲ့ မိတ်ဆက်ပွဲများက အချိန်တိုက်ဆိုင်သွားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး Huawei Ireland က Apple ကို…

Leave a Comment

Most from this category