127 Shares 88 Views

အိမ်မှာနေရင်း ရုပ်ရှင်ရုံမှာလို ကြည့်နိုင်မယ့် Cinema VR Headset

Sep 18, 2017
127 88

လက်ရှိမှာ Virtual Reality နည်းပညာကို ဂိမ်းများအတွက်သာ အဓိက ဖန်တီးနေကြပါတယ်။ ဒါပေမယ့် VR ဟာ အခြားကဏ္ဍများစွာမှာလည်း အသုံးချနိုင်ပါတယ်။ အခုတော့ အိမ်မှာနေရင်း ရုပ်ရှင်ရုံမှာလို ကြည့်နိုင်မယ့် Cinema VR Headset ကို ဖန်တီးလိုက်ပါတယ်။ သူ့ရဲ့ အမည်ကတော့ Cinera ဖြစ်ပြီး Home Theater System ထက် စွမ်းရည်မြင့်မားပါတယ်။

Cinera ကို ထုတ်လုပ်ရောင်းချဖို့ လက်ရှိမှာ Kickstarter ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ တီထွင်တဲ့ ကုမ္ပဏီက ရန်ပုံငွေ ဒေါ်လာ ၅၀ ၀၀၀ ရရှိုဖို့ ရည်မှန်းထားပြီး လက်ရှိမှာ ရည်မှန်းထားတဲ့ ငွေပမာဏထက် ကျော်လွန်တဲ့ ဒေါ်လာ ၂၅၀ ၀၀၀ ကို ရရှိနေပါပြီ။

Cinera ကို ကမ္ဘာ့ ပထမဆုံး စွမ်းရည်မြင့် ကိုယ်ပိုင် ရုပ်ရှင်ရုံလို့ ညွှန်းဆိုပါတယ်။ Headset ဟာ စာအုပ်တစ်အုပ် အရွယ်အစားလောက်သာ ရှိပါတယ်။ Headset မှာ 2.5K Screen တပ်ဆင်ထားပြီး သူ့ကို စမတ်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုရမှာ ဖြစ်ပါတယ်။ စမတ်ဖုန်းမှာ Netflix, YouTube, Hulu တို့လို အင်တာနက် အခြေပြု ရုပ်ရှင်၊ တီဗီရှိုးများ ပြသတဲ့ Apps များကို ထည့်သွင်း၍ VR Headset ဖြင့် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သူ့မှာ microSD Card, USB Cable , HDMI Cable များအတွက် Ports များ တပ်ဆင်ထားပါတယ်။ Headset ကို Blu-Ray Player , Computer, Gaming Console များနဲ့လည်း ချိတ်ဆက်၍ ရုပ်ရှင်များ ကြည့်ရှုနိုင်ပါတယ်။

ref : digitaltrends

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
118 shares40 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Leave a Comment

Most from this category