1029 Shares 2606 Views

Apple က ဒီနှစ်မှာ iPhone X ၀ယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်

Sep 18, 2017
1029 2606

iPhone 8 ကို ကြိုတင်မှာယူခွင့်များ ပြုလုပ်ပေးလိုက်ပြီ ဖြစ်ပြီး အချို့နိုင်ငံများမှာ ရောင်းချပေးမယ့်နေ့ရက်ထက် ၁ ပတ်ကနေ ၂ ပတ်အထိ နောက်ကျနိုင်တယ်လို့ သိရပါတယ်။ အီတလီမှာ စက်တင်ဘာလ ၂၂ ရက်နဲ့ ၂၅ ရက်အတွင်း ရောင်းချနိုင်ပြီး ဗြိတိန်မှာ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ရရှိနိုင်မှာပါ။ အမေရိကန်မှာတော့ အစောဆုံး ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Apple က ဒီနှစ်မှာ iPhone X ၀ယ်လိုအားကိုလည်း ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးလို့ ဈေးကွက်ကျွမ်းကျင်သူ Ming-Chi Kuo က ခန့်မှန်းလိုက်ပါတယ်။ သူဟာ KGI Securities မှ ခွဲခြမ်းစိတ်ဖြာသူ ဖြစ်ပြီး ဒီနှစ်ကုန်မှာ iPhone X အလုံးရေ သန်း ၄၀ ရောင်းချရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ၀ယ်လိုအားကို ကုမ္ပဏီက အပြည့်အ၀ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးလို့ သူက တွက်ချက်ထားပါတယ်။

iPhone X ကို ၀ယ်ယူချင်သူများဟာ လာမယ့် နှစ်အထိ စောင့်ဆိုင်းရနိုင်ပါတယ်။ Ming-Chi Kuo က လာမယ့်နှစ်မှာ iPhone X အလုံးရေ သန်း ၉၀ ၀န်းကျင် ရောင်းချရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လာမယ့်နှစ် ပထမ နှစ်ဝက်မှာ Apple က ၀ယ်လိုအားကို ကောင်းစွာ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီနှစ်မှာ ၀ယ်လိုအားကို ကုမ္ပဏီက အပြည့်အ၀ မဖြည့်ဆည်းပေးနိုင်ခြင်းမှာ လုံးဝန်းတဲ့ ထောင့်ချိုးများ ပါတဲ့ OLED Display ကို လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းကြောင့် ဖြစ်တယ်လို့ Ming-Chi Kuo က ပြောပါတယ်။ ဒါ့အပြင် 3D ပုံရိပ်များကို ဖမ်းယူပေးနိုင်တဲ့ အရှေ့ကင်မရာကို လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းကြောင့်လည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။ iPhone X ကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကြိုတင်မှာယူနိုင်ပြီး နိုဝင်ဘာလ ၃ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

ref : gsmarena

You may be interested

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ
Facebook, HUBS, NEWS
0 shares0 views

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ

Ko Thuya - Apr 23, 2018

New York Times ရဲ့ သတင်းအရ သီရိလင်္ကာမှ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese လူမျိုးများနဲ့ လူနည်းစု ဖြစ်တဲ့ မူဆလင်များအကြားမှာ Facebook မှ အမုန်းစကားများကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာတယ်လို့ သိရပါတယ်။ သီရိလင်္ကာ လူမျိုးအများစုဟာ…

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Android, HUBS, Meizu
0 shares0 views

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ

Ko Thuya - Apr 23, 2018

မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
NEWS, Tech Update
230 shares41 views

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့

Nwe Oo Thant - Apr 22, 2018

နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို  ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

Leave a Comment

Most from this category