133 Shares 61 Views

Smartphone App ထည့်ပြီး Bluetooth နှင့် ချက်ပြုတ်နိုင်သော Instant Pot ပေါင်းအိုးထွက်ရှိ

နည်းပညာပြောင်းလဲမှုဟာ ဖုန်း၊လက်တော့ပ်၊နာရီတွေမှာသာ တိုးတက်ပြောင်းလဲခြင်းမဟုတ်ပဲ အိမ်သုံးပစ္စည်းတွေအထိ တိုးတက်လာပါတယ်။ယခုထွက်ရှိလာတဲ့ Instant Pot ပေါင်းအိုးဟာ smartphone မှာ app နဲ့ Bluetooth သွယ်ထားပြီးချက်ပြုတ်နိုင်ပါတယ်။

ရှင်းလင်းတိကျတဲ့အညွှန်းပါတဲ့အတွက် ရိုးရှင်းလွယ်ကူစွာချက်ပြုတ်နိုင်ပြီး အမြင့်ဆုံး အပူချိန်ဖြင့် ငါးမိနစ်ခန့်ချက်ပြီး အနွေးစနစ်နဲ့ ဆယ်မိနစ်ခန့်ထားရုံနဲ့ကျက်လွယ်အောင် ဖုန်း app ထဲက ဝင်ရောက်လုပ်ဆောင်နိုင်ပါတယ်။ခလုတ်တခုနှိပ်ရုံနဲ့ ပါဝါကို အလိုအလျောက်ဖြစ်တောက်ပေးမှာဖြစ်ပြီး မီးဖိုချောင်ထဲ ဝင်နေစရာမလိုပါဘူး။

ရေချိန်ကိုလိုက်ပြီး အပူချိန်ပြောင်းလဲပေးတဲ့ အဆိုပါပေါင်းအိုးမှာ ထမင်းကို အမာနဲ့အပျော့စားချင်သူတွေအတွက် လိုချင်တဲ့ပုံစံကို smartphone ကထည့်သွင်းပေးထားရုံပဲဖြစ်ပါတယ်။ထမင်းပေါင်းအိုးထဲမှာ အသား၊ငါး ထည့်ပြုတ်ခြင်းအတွက်တော့ smartphone ရဲ့ app ထဲမှာ တိကျတဲ့လမ်းညွှန်မှုမပါဘူးလို့သိရပါတယ်။

Instant Pot ကို 1 နှစ် အာမခံပေးထားပြီး ရောင်းဈေးအနေနဲ့ $ 128 ဖြစ်ပါတယ်။Amazon မှ ဖြန့်ချိရောင်းချတာဖြစ်ပြီး နိုင်ငံတကာတင်ပို့မှုအတွက် ဝန်ဆောင်မှုများလည်းရှိပါတယ်။မြန်မာနိုင်ငံကိုသာေ၇ာက်ခဲ့မယ်ဆိုရင် ဈေးနှုန်းအနေနဲ့ ၁၇၀၀၀၀ ကျပ် ဝန်းကျင်လောက်ကျသင့်မှာဖြစ်ပါတယ်။

You may be interested

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ
Facebook, HUBS, NEWS
0 shares0 views

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ

Ko Thuya - Apr 23, 2018

New York Times ရဲ့ သတင်းအရ သီရိလင်္ကာမှ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese လူမျိုးများနဲ့ လူနည်းစု ဖြစ်တဲ့ မူဆလင်များအကြားမှာ Facebook မှ အမုန်းစကားများကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာတယ်လို့ သိရပါတယ်။ သီရိလင်္ကာ လူမျိုးအများစုဟာ…

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Android, HUBS, Meizu
0 shares0 views

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ

Ko Thuya - Apr 23, 2018

မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
NEWS, Tech Update
230 shares41 views

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့

Nwe Oo Thant - Apr 22, 2018

နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို  ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

Leave a Comment

Most from this category